ဆော်ဒီအာရေဗျ ရေနံစိမ်း အာရှအတွက် ဈေးမတက်


07 October, 2022

ဆော်ဒီအာရေဗျ ရေနံစိမ်း အာရှအတွက် ဈေးမတက်

 

ဆော်ဒီအာရေဗျ အစိုးရပိုင် Saudi Aramco က အာရှသို့ အဓိကတင်ပို့သည့် ရေနံစိမ်းအမျိုးအစား Arab Light အတွက် နိုဝင်ဘာလမှာ ဈေးမတက်ဘဲ စက်တင်ဘာလ ရောင်းဈေးဖြင့် ဆက်လက် ရောင်းချမှာဖြစ်ပြီး တစ်စည်လျှင် ဒေသတွင်းစံနှုန်း အထက် ကန်ဒေါ်လာ ၅.၈၅ ဖြစ်ပါတယ်။ 

အလယ်အလတ်နှင့် အပျစ် အမျိုးအစားတွေကိုတော့  တစ်စည်ကို ကန်ဒေါ်လာ  ၀.၂၅ ဈေးတက်ပါတယ်။ 
အလွန်အကျဲ extra light ကို ကန်ဒေါ်လာ ၀.၁၀ ဈေးလျှော့ပါတယ်။
ဆော်ဒီအာရေဗျက ရေနံအများစုကို အာရှသို့ နှစ်ရှည်စာချုပ်များဖြင့် ရောင်းချနေပြီး လစဉ် လဆန်း ၅ ရက်မှာ လာမယ့်လအတွက်  ဈေးနှုန်းသစ်ကို ထုတ်ပြန်ပါတယ်။ အကြီးမားဆုံး ဝယ်လက်များမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ ဖြစ်ပါတယ်။ 

Source  REUTERS
#IndustriesGuide

Energy News Read 258 times