အိမ်ရာချေးငွေများရဲ့ နှစ်စဉ်အတိုးနှုန်းကို အရစ်ကျပြန်လည်ပေးချေနေစဉ်ကာလအတွင်း (၁၁) ရာခိုင်နှုန်း လျော့ချပေးသွားနိုင်ရန် စီစဉ်ထားကြောင်း ကမ္ဘောဇဘဏ်မှ ထုတ်ပြန်ကြေညာထားပါတယ်။
၎င်း အထူးအတိုးနှုန်သတ်မှတ်ပေးရာတွင် အစီအစဉ် (၅) မျိုးပါဝင်ပြီး လက်ရှိအတိုးနှုန်း (၁၃) ရာခိုင်နှုန်းမှ (၁၁) ရာခိုင်နှုန်းသို့ လျော့ချပေးရန်ဖြစ်ပါတယ်။
အတိုး၊ အရင်းပုံမှန်းပေးသွင်းသူကို အတိုးနှုန်းလျော့ချပေးခြင်း၊ အိမ်ရာချေးငွေနှင့် တန်ဖိုးအချိုးအပေါ်မူတည်၍ အတိုးနှုန်းလျော့ချပေးခြင်း၊ လစဉ်ဝင်ငွေနှင့် ပေးသွင်းမှုအပေါ် တွက်ချက်ကာ လျော့ချပေးခြင်း၊ လစဉ်ပေးသွင်းရင်းမည့်ပမာဏကို ကြိုတင်အပ်နှံထားခြင်းနှင့် ပထမဦးဆုံးအကြိမ် အိမ်ရာချေးငွေရယူသော ဇနီးမောင်နှံများအတွက် အတိုးနှုန်းကို လျော့ချပေးရန် စီစဉ်ထားပါတယ်။
သို့သော် အိမ်ရာချေးငွေများအားလုံးအတွက် လစဉ် အတိုး၊ အရင်းများ ပေးသွင်းရန်ပျက်ကွက်ပါက အတိုး (၁၃) ရာခိုင်နှုန်းသို့ ပြန်လည်ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ပါတယ်။ ထိုကဲ့သို့ (၁၃) ရာခိုင်နှုန်းဖြင့် တစ်နှစ်ကြာပေးသွင်းပြီးလျှင် အတိုးနှုန်းလျော့ချမှုကို ပြန်လည်ခံစားခွင့်ရမှာပါ။
ကမ္ဘောဇဘဏ်ရဲ့ အထူးအတိုးနှုန်းဖြင့် ချေးငွေရယူလိုသူများကို ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များ၊ ပုံမှန်ဝင်ငွေနှင့် အသက်အရွယ်အပိုင်းအခြားများကို အကဲဖြတ်စစ်ဆေးပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၌ အိမ်ရာချေးငွေအတွက် အတိုးနှုန်းမှာ (၁၃) ရာခိုင်နှုန်းသတ်မှတ်ထားပြီး အစိုးရမှအိမ်ရာချေးငွေအတွက် (၈.၅) ရာခိုင်နှုန်းသတ်မှတ်ကာ ချေးငွေထုတ်ပေးနေပါတယ်။
BE NEWS