ကာဝါစာကီ မော်တော်ဆိုင်ကယ်ထက် လေယာဉ်က အမြတ်ပိုရမည်


12 August, 2023

ကာဝါစာကီ မော်တော်ဆိုင်ကယ်ထက် လေယာဉ်က အမြတ်ပိုရမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မော်တော်ဆိုက်ကယ် ထုတ်လုပ်သူအဖြစ် လူသိများသည့်  Kawasaki Heavy Industries ၏ လေယာဉ်တည်ဆောက်ရေး လုပ်ငန်းကဏ္ဍမှ ဝင်ငွေသည် မော်တော်ဆိုင်ကယ် ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍမှ ဝင်ငွေထက် ပိုများလိမ့်မည်ဟု ခန့်မှန်းထားသည်။
ကိုဗစ်ကာလ မပျံသန်းရသဖြင့် အထိနာခဲ့ကြသော လေကြောင်းလိုင်းများ အခြေအနေ ပြန်ကောင်းလာပြီး လေယာဉ်အသစ်များ အမှာစာ တင်ကြသည်။ ထိုလေယာဉ်အသစ်များအတွက် ကိုယ်ထည်နှင့် ကိုယ်ထည်အစိတ်အပိုင်းများကို Boeing လေယာဉ်ကုမ္ပဏီထံမှ အမှာစာများကို ကာဝါစာကီ ပိုမိုလက်ခံရရှိလာသည်။

 Kawasaki Heavy Industries သည် မတ်လ ၃၁ တွင် ကုန်ဆုံးသော ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင်  အကြမ်းအမြတ် ယန်း ၉၈ ဘီလီယံ (ကန်ဒေါ်လာ ၆၈၄ သန်း) ရရှိခဲ့သည်။ 
မော်တော်ဆိုင်ကယ် လုပ်ငန်းကဏ္ဍမှ ၇၀% ၊ လေယာဉ်ကိုယ်ထည်တည်ဆောက်ရေးကဏ္ဍမှ ၁၅% ပါဝင်သည်။

 "ကျွန်တော်တို့ရဲ့ လေယာဉ်တည်‌ေဆာက်‌ေရးလုပ်ငန်းက နောင်တစ်ချိန်ကျရင် ဝင်ငွေ အများဆုံးရတဲ့ ကဏ္ဍ ဖြစ်လာမယ်" ဟု Kawasaki Heavy Industries မှ ဒုဥက္ကဌ Katsuya Yamamoto က ပြောကြားသည်။

ကာဝါစကီသည် ဟိုက်ဒရိုဂျင်ကဏ္ဍကိုလည်း တိုးချဲ့လုပ်ကိုင်နေသည်။ ဟိုက်ဒရိုဂျင် ဂက်စ်တာဘိုင် ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံသည်။ ဝန်ထမ်းများ ထပ်တိုးသွားမည့် အစီအစဉ် ရှိသည်။ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်း တက်သည်ကို တုံ့ပြန်ရန် ဝန်ထမ်းများကို လစာတိုးပေးမည့် အစီအစဉ်ကိုလည်း ကြေညာထားသည်။ 
Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 288 times