Kasikornbank က  K PLUS အက်ပ်ဖြင့် KBZPay သို့ ငွေလွှဲဝန်ဆောင်မှု စတင်


23 August, 2023

Kasikornbank က  K PLUS အက်ပ်ဖြင့် KBZPay သို့ ငွေလွှဲဝန်ဆောင်မှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံတွင် ဒုတိယအကြီးဆုံးဘဏ် ဖြစ်သည့် KBank ဟု လူသိများသည်  Kasikornbank သည် စမတ်ဖုန်းအက်ပ်ဖြင့် KBZPay သို့ ငွေလွှဲ ဝန်ဆောင်မှု စတင်ပါသည်။

Kasikornbank ၏  K PLUS အက်ပ်ဖြင့် KBZPay သို့ ငွေလွှဲပေးမည်ဖြစ်ပါသည်။ KBZPay ဖုန်းနံပါတ် သို့ ပေးပို့မည် ဖြစ်ပါသည်။
ပေးပို့သူက ဘတ်ဖြင့် ပေးပို့ပြီး လက်ခံရရှိသူက ကျပ်ဖြင့် လက်ခံရရှိမည် ဖြစ်ပါသည်။
ပရိုမိုးရှင်းကာလ အောက်တိုဘာလကုန်အထိ အခမဲ့ ပေးပို့နိုင်ပါသည်။

 



K PLUS သုံးပြီး မြန်မာနိုင်ငံက မိသားစုဆီကို KBZPay မှတစ်ဆင့် ငွေလွှဲခြင်းအတွက် အချက်အလက်အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

ပရိုမိုးရှင်း ကာလ

•ယခုပရိုမိုးရှင်းသည် K PLUSမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲခြင်းအတွက်သာ အကျုံးဝင်သည်။
•ပရိုမိုးရှင်း ကာလ  ၃၁ အောက်တိုဘာ ၂၀၂၃ အထိ ဖြစ်ပါသည်။


စည်းကမ်းချက်များ

မှတ်ချက်။ စည်းကမ်းချက်များသည် KBank မှချမှတ်သည့် အတိုင်းဖြစ်သည်။ ယခုပရိုမိုးရှင်း၏ စည်းကမ်းချက်များကို KBankမှ ကြိုတင် အသိမပေးပဲ ပြောင်းလဲခြင်း ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။


• ငွေလွှဲမည့် ပမာဏသည် တစ်ကြိမ်လွှဲလျှင် ထိုင်းဘတ် ၅၀,၀၀၀ (သို့) ၎င်းနှင့် ညီမျှသော ပမာဏထက် နည်းရမည်။
• ၂၄နာရီ ဝန်ဆောင်မှု
• ငွေလွှဲလက်ခံသူသည် ကမ္ဘောဇဘဏ်တွင် Wallet အကောင့်ဖွင့်ရန်နှင့် KBZPAY Application အသုံးပြုခွင့် လျှောက်ထားရန် လိုအပ်သည်။
• ငွေလွှဲသူနှင့် ငွေလွှဲလက်ခံသူသည် ပုဂလိက (တဦးတယောက်) အကောင့်အသုံးပြုသူများသာ ဖြစ်ရမည်။
• ငွေလွှဲသူသည် KBank တွင် အပ်ငွေစာရင်း (သို့) စာရင်းရှင် အကောင့်ဖွင့်ရန်နှင့် K PLUS Application အသုံးပြုခွင့်လျှောက်ထားရန် လိုအပ်သည်။
• ငွေလွှဲလက်ခံသူ၏ အကောင့်၏ Currency သည် လက်ခံရရှိမည့် Currencyနှင့် တူရမည်။
• မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ပါ။ (အကယ်၍ လိုအပ်လာပါက လိုအပ်သည့် စာရွက်စာတမ်းများ ဘဏ်မှ တောင်းပိုင်ခွင့်ရှိသည်။)
• တားမြစ်ထားသော လူပုဂ္ဂိုလ်စာရင်း ( OFAC စာရင်း) နှင့် အခြား တားမြစ်ခံထားရသော လူပုဂ္ဂိုလ်များအား ဝန်ဆောင်မှုပေးရန် ဘဏ်မှ ငြင်းပယ်ပိုင်ခွင့်ရှိသည်။



ဝန်ဆောင်ခ

အထူးပရိုမိုးရှင်း ကာလ  ၃၁ အောက်တိုဘာ ၂၀၂၃ အထိ  ငွေလွှဲတိုင်းအတွက် ပို့ခ အခမဲ့ ဖြစ်ပါသည်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှ စတင်၍ ငွေလွှဲခဈေနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

• MMK 100,000 နှင့် အောက်  50 ဘတ်
• MMK 100,001 မှ MMK 200,000 အထိ 70 ဘတ်
• MMK 200,001 မှ MMK 300,000    အထိ 90 ဘတ်
• MMK 300,001 မှ MMK 400,000 အထိ 110 ဘတ်
• MMK 400,001 မှ MMK 500,000 အထိ 130 ဘတ်
• MMK 500,001 မှ MMK 600,000    အထိ  150 ဘတ်
• MMK 600,001 မှ MMK 700,000    အထိ 170 ဘတ်
• MMK 700,001 မှ MMK 800,000 အထိ 180 ဘတ်
• MMK 800,001 မှ MMK 900,000 အထိ 190 ဘတ်
• MMK 900,001 မှ MMK 1,000,000 အထိ 200 ဘတ်
• MMK 1,000,001 မှ MMK 1,100,000 အထိ 210 ဘတ်
• MMK 1,100,001 မှ MMK 1,200,000 အထိ 220 ဘတ်
• MMK 1,200,001 မှ MMK 1,300,000 အထိ 230 ဘတ်
• MMK 1,300,001 မှ MMK 1,400,000 အထိ 240 ဘတ်
• MMK 1,400,001  နှင့်အထက် 250 ဘတ်


ငွေလွှဲခြင်း ရည်ရွယ်ချက် 

• သွင်းကုန်နှင့် ထုတ်ကုန် ပေးချေမှု
• ခရီးသွားစရိတ် - ကျောင်းသား
• အတိုင်ပင်ခံကြေး
• အလုပ်သမားများ၏ လုပ်အားခများကို အိမ်သို့ပြန်လွှဲခြင်း
• နိုင်ငံခြားတွင် အမြဲနေထိုင်ခွင့်ရှိသော မိသားစု သို့မဟုတ် ဆွေမျိုးများအား ငွေလွှဲခြင်း
• နိုင်ငံခြားခရီး အသုံးစရိတ် - အခြား
• ခရီး အသုံးစရိတ် - ခရီးသွားများ
• ခရီးကြေး
• ကျန်းမာရေး အသုံးစရိတ်
• ကုန်ပစ္စည်းပို့ခ
• ကုန်ပစ္စည်း အာမခံနှင့် ထပ်ဆင့်အာမခံကြေး
• ကုန်ပစ္စည်းအာမခံ လျှော်ကြေး
• သတင်းမီဒီယာ ဝန်ဆောင်ခ
• ကြေညာခ
• အိမ်ခြံမြေ ငှါးခ
• ပုဂ္ဂလိကကဏ္ဍအား ပေးငွေ


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 610 times