တူရကီ ရေပေါ်ဓာတ်အားစက်ရုံများ ယူကရိန်းနှင့် ဥရောပတွင် ထားရှိလုပ်ကိုင်ရန် ဆွေးနွေး


02 December, 2022

တူရကီ ရေပေါ်ဓာတ်အားစက်ရုံများ ယူကရိန်းနှင့် ဥရောပတွင် ထားရှိလုပ်ကိုင်ရန် ဆွေးနွေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အရပ်ဘက် အခြေခံအဆောက်အအုံများကို ရုရှားက တိုက်ခိုက်မှုများ အရှိန်မြှင့်နေစဉ်  လျှပ်စစ်ဓာတ်အား ထုတ်ပေးရန်အတွက် ယူကရိန်းသို့  ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘောများ စေလွှတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု တူရကီကုမ္ပဏီ Karpowership က ပြောကြားခဲ့သည်။

.
 Karpowership သည် ကမ္ဘာပေါ်တွင် ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘောများ အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် လုပ်ငန်းဖြစ်ပြီး ယခုအခါ ယူကရိန်း၏ အကြီးဆုံး ဆိပ်ကမ်းဖြစ်သော Odesa အနီးတွင် ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘောမျာ ထားရှိ စေလွှတ်မည်ဖြစ်သည်။
.
"ကျွန်တော်တို့ Odesa အုပ်ချုပ်ရေးမှူးရုံးနဲ့ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အား အာဏာပိုင် Ukrenergo တို့နဲ့ ပြောဆိုနေပါတယ်။ Odesa အနီးမှာ ၃၀၀ မဂ္ဂါဝပ် ထုတ်တဲ့  ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘော ၃ စီးကို ထားရှိဖို့ ဆွေးနွေးနေပါတယ်" ဟု Karpowership ဘုတ်အဖွဲ့ဝင် Zeynep Harezi က ပြောကြားသည်။ 
.
သူမက လုပ်ထုံးလုပ်နည်းများနှင့် စီးပွားဖြစ် ထုတ်လုပ်ရန် ကိစ္စရပ်များကို သဘောတူညီမှု ရရှိထားပြီဟု ပြောကြားသည်။ ဘေးကင်းလုံခြုံရေး၊ စစ်မက်ဘေးဒဏ် မထိစေရေးတို့အတွက် မည်သို့ ဆောင်ရွက်မည်ကို ဆွေးနွေးလျက် ရှိသည်ဟု သူမ  ပြောကြားသည်။ ထို့အတွက် ကုလသမဂ္ဂ ကျောထောက်နောက်ခံ လိုအပ်မည်ဟု သူမက သုံးသပ်သည်။ 
"အားလုံး အဆင်ပြေပြီဆိုရင် ၃ ပတ်အတွင်းမှာ ကျွန်မတို့က သင်္ဘောတွေ နေရာယူပြီး ဓာတ်အား စတင်ထုတ်လုပ်ပေးနိုင်ပါတယ်" ဟု သူမက ပြောကြားသည်။ 
.
၃၀၀ မဂ္ဂါဝပ်သည် အိုးအိမ်ပေါင်း ၁ သန်းကို တစ်ပြိုင်တည်း ဓာတ်အားပေးရန် လုံလောက်ပါသည်။ 

.
Karpowership ၏ မိခင်လုပ်ငန်းမှာ တူရကီတွင် အထင်ကရဖြစ်သည့် Karadeniz Holding ဖြစ်သည်။ Karpowership တွင် ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘော ၃၆ စီး ရှိသည်။ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့တို့ဖြင့် ဓာတ်အားထုတ်လုပ်ပေးသည်။ 

.
Harezi က ကုမ္ပဏီသည် ဥရောပ ဆောင်းရာသီတွင် အပူဓာတ်ရဖို့ ဓာတ်အားလိုအပ်ချက် မြင့်မားသဖြင့် ဥရောပ ၄ နိုင်ငံသို့ ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘော ၈ စီး စေလွှတ်ရန် ဆွေးနွေးနေကြောင် ပြောကြားသည်။ 
.
ကုမ္ပဏီသည် အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာတို့တွင်လည်း ဆွေးနွေးနေကြောင်း သူမက ပြောကြားသည်။ 
.
သဘာဝဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်သည့် ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘောများအတွက် လိုအပ်သည့် သဘာဝဓာတ်ငွေ့ရည် LNG ရရှိဖို့ ၂၀၁၉ ခုနှစ်တွင် Karadeniz Holding နှင့် ဂျပန်မှ  Mitsui OSK Lines (MOL) တို့ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည်။ 
 LNG သုံးစွဲသည့်အခါ  LNG သိုလှောင်ခြင်းနှင့် ငွေ့ရည်ကို ဓာတ်ငွေ့သို့ ပြောင်းလဲပေးသည့် သင်္ဘော floating storage and re-gasification unit (FSRU) နှင့် ရေပေါ်ဓာတ်အားစက်ရုံ သင်္ဘောတို့ကို ချိတ်ဆက် သုံးစွဲသည်။ 
Mitsui OSK Lines (MOL) ၏ လက်အောက်ခံလုပ်ငန်းစီမံချက် ဖြစ်သည့်  KARMOL တွင် FSRU ၅ စီး ထားရှိသည်။ 
Source nikkei asia

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 315 times