မြန်မာနိုင်ငံကုန်သွယ်မှုအတွက် ရခိုင်ပြည်နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန်


06 December, 2017

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းအတွက် အရေးပါလာမည့် ရခိုင်ပြည်နယ် မောင်တောမြို့ ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောင်ရေးလုပ်ငန်း စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်ပပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှာ မောင်တောမြို့ အနောက်မြောက်ဘက် နှစ်မိုင်အကွာ ကညင်ချောင်းနံဘေးတွင် တည်ရှိခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိပ်ကမ်းနှင့် လေးမိုင်သာ ကွာဝေးပြီး တန်ချိန်မြင့် သဘောင်္များလည်း ဆိုက်ကပ်နိုင်သော နေရာတစ်ခုဖြစ်ပါသည်။

အဆိုပါ စီးပွားရေးဇုန်မှာ ကုန်သွယ်ရေးနှင့် ဆက်စပ်နေသော သား၊ ငါး၊ ပုစွန် သိုလှောင်ရုံနှင့် အအေးခန်းများ၊ အထည်ချုပ်လုပ်ငန်းများ၊ ကုန်ပစ္စည်းသိုလှောင်ရုံ၊ ရုုံးခန်းတည်ဆောက်မှုနှင့် လူနေအဆောက်အအုံများပါဝင်မည်ဖြစ်ပြီး ယခုအခါ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်အတွက်လည်း လမ်းများကို ပြင်ဆင်လျက်ရှိနေခြင်း ဖြစ်ပါသည်။

ကညင်ချောင်းစီးပွားရေးဇုန်လုပ်ငန်းများ ပိုမိုလည်ပတ်လုပ်ဆောင်လာနိုင်ပါက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တရားမဝင် ကုန်သွယ်မှုများမှ တရားဝင်ဖြစ်လာပြီး ဆန်၊ စပါးကဏ္ဍအတွက်လည်း အရင်ကုန်ကြမ်းထွက်ရှိမှုများမှကုန်ချောအထိ ထုတ်လုပ်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ရုံးအဖွဲ့မှူးမှ သုံးသပ်ပြောကြားပါသည်။

ယခုလက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများအရ ထိုစီးပွားရေးဇုန်နှင့် ဆက်စပ်ပြီး စို်က်ပျိုးရေးတွင် များစွာ အကျိုးစီးပွားဖြစ်ထွန်းနိုင်ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ကုန်သွယ်မှုက ထိုဒေသတွင် လက်ရှိ ပိုလျှံနေသော ဆန်၊ စပါး များကို တရားဝင်ထွက်ပေါက်အနေဖြင့် ထိုစီးပွားရေးဇုန်မှပို့ရန် ကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။

ရခိုင်ပြည်နယ်တစ်ခုလုံး၏ ထက်ဝက်ကျော်သည် ဆန်စပါးစိုက်ပျိုးသည့်ဧကဖြစ်ပြီး ရေမြေလည်းကောင်းပါသည်။

ယခင်က စပါး ကုန်ကြမ်းများ တရားမဝင်ထွက်နေခြင်းမှ ကုန်ချောထုတ်လုပ်၍ တရားဝင်တင်ပို့ရန် လုပ်ဆောင်နေသောကြောင့် ဆန်စပါကဏ္ဍအတွက်လည်း ပိုမိုဖြစ်ထွန်းလာနိုင်ကြောင်းသိရပါသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှာ ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်လာပါက စိုက်ပျိုးရေုးကို အဓိကထား လုပ်ဆောင်ပြီး မွေးမြူရေးကို တွဲဖက်လုပ်ဆောင်ပါက ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးမှပြောကြားပါသည်။

အဆိုပါ စီးပွားရေးဇုန်မှတစ်ဆင့် မြန်မာနိုင်ငံမှ ထွက်ရှိသော လယ်ယာထွက်ကုန်များကို လွယ်ကူစွာ ကုန်သွယ်မှုမှာ ယခင်ကထက် လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ် ပိုမိုသက်သာစွာဖြင့် အဆင်ပြေစွာ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အတွင်းရေးမှူးမှ သုံးသပ်ပြောကြားပါသည်။

ထိုစီးပွားရေးဇုန်မှတဆင့် ဘင်္ဂလားဒေ့ရှ်ကို သင်္ဘောကြောင်းနှင့် တင်ပို့ပါက ကုန်ကျစရိတ်သက်သာလာပြီး တင်သွင်းတင်ပို့မှုများလည်း ယခင်ကထက် ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရပါသည်။

ထိုစီးပွားရေးဇုန်လုပ်ဆောင်မှုတွင် ပြည်နယ်အစိုးရမှ ၆၅ ရာခိုင်နှုန်း၊ ပုဂ္ဂလိကမှ ၃၅ ရာခိုင်နှုန်း ဘက်ဂျက်အနေဖြင့် အစိုးရမှ သိန်းတစ်သောင်းငါးထောင်နှင့် ပုဂ္ဂလိကမှ သိန်းခုနှစ်ထောင်ဖြင့် စုစုပေါင်း ကုျပ်သိန်းပေါင်း နှစ်သောင်းနှစ်ထောင်ဖြင့်လုပ်ဆောင်နေကြောင်း သိရပါသည်။

ကညင်ချောင်းစီးပွားရေးဇုန်ကို ဧက ၂၀၀ အထိ တိုးချဲ့လုပ်ဆောင်ရန် မျှော်မှန်းထားပြီး ပထမအဆင့်အနေဖြင့် ဧက ၁၀၀ တွင် တည်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံများ ဆိပ်ကမ်းများ ဆောင်လုပ်ပြီးစီးမည်ဖြစ်ကြောင်းသိရပါသည်။

ကုန်သွယ်ရေးကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး စီးပွားရေးအဆောက်အအုံများကို တည်ဆောက်သွားမည်ဖြစ်ပါသည်။

အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပြင် အိန္ဒိယနိုင်ငံကိုပါ ကုန်သွယ်မှုပြုနိုင်မည်လည်း ဖြစ်ပါသည်။

ရန်ကုန်အပါအဝင် ပြည်တွင်းအခြားဒေသများက သဘောင်္များပါ ကညင်ချောင်းစီးပွားရေးဇုန်တွင် ဆိုက်ကပ်ပြီး ကုန်သွယ်ရန်ရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံ၊ ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားထားပါသည်။

Source:pissaya info

Local News Read 638 times