တရုတ်နိုင်ငံက ရုရှားရေနံ  ၃ လ ဆက်တိုက် အများဆုံးတင်သွင်း


22 August, 2022

တရုတ်နိုင်ငံက ရုရှားရေနံ  ၃ လ ဆက်တိုက် အများဆုံးတင်သွင်း

ရုရှားနိုင်ငံသည် ဇူလိုင်လတွင်လည်း တရုတ်နိုင်ငံသို့ ရေနံစိမ်းအများဆုံးတင်ပို့သူအဖြစ် ထိပ်ဆုံးနေရာကို ၃ လဆက်တိုက် ရယူခဲ့ကြောင်းစနေနေ့ (ဩဂုတ် ၂၀)တွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနမှ ထုတ်ပြန်သော  အချက်အလက်များအရ သိရသည်။

ပုဂ္ဂလိကရေနံချက်စက်ရုံများက  အန်ဂိုလာနှင့်ဘရာဇီး အပါအဝင် ပြိုင်ဘက်ရောင်းချသူများထံမှ တင်ပို့ရောင်းချမှုများကို လျှော့ချကာ လျှော့စျေးဖြင့် ရရှိသည့် ရုရှားရေနံ ဝယ်ယူမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။

 

ESPO ရေနံစိမ်းဟု အတိုကောက် ခေါ်ဝေါ်ကြသည့် East Siberia Pacific Ocean အရှေ့ဆိုက်ဘေးရီးယား ပစိတ်ဖိတ်သမုဒ္ဒရာ ပိုက်လိုင်းဖြင့်  ပေးပို့သော ရေနံစိမ်းနှင့် ရုရှားမှ ရောကြောင်းဖြင့် ဥရောပနှင့် အရှေ့ဖျားဆိပ်ကမ်းများမှ  တင်ပို့သော ရေနံစိမ်းများအပါအဝင် စုစုပေါင်း တန်ချိန် ၁.၇၅ သန်း တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးဌာနမှ ထုတ်ပြန်သော  အချက်အလက်များအရ သိရသည်။

ဇူလိုင်လတွင် ရုရှား ရေနံ ပျမ်းမျှ တစ်ရက်လျှင် စည်ပေါင်း ၁.၆၈ သန်း (bpd) ခန့် တင်ပို့ခဲ့သည်။ မေလ၏ စံချိန်တင်ခဲ့သည့် တစ်ရက်လျှင် စည်ပေါင်း  ၂ သန်းထက် နည်းပါးသော်လည်း  တရုတ်နိုင်ငံသည် ရုရှားနိုင်ငံထံမှ  ရေနံအများဆုံး ဝယ်ယူသူဖြစ်နေဆဲ ဖြစ်သည်။

တင်သွင်းသည့် တန်ချိန်ပမာဏ အများဆုံးတွင် ဒုတိယနေရာတွင် ရှိနေသာ ဆော်ဒီအာရေဗျထံမှ တင်သွင်းမှုတွင် ဇွန်လတွင် ၃ နှစ်ကျော်ကာလအတွင်း အနည်းဆုံး ဖြစ်ခဲ့ရာမှ ဇူလိုင်လတွင် ပြန်မြင့်တက်လာခဲ့ရာ တန်ချိန် ၆.၅၆ သန်း၊ တစ်ရက်စည်ပေါင်း ၁.၅၄ သန်း တင်သွင်းခဲ့သည်။ 

တရုတ်နိုင်ငံတွင် စီးပွားရေး နှေးကွေးနေသဖြင့် ပြည်တွင်းလိုအပ်ချက် လျော့ကျနေသဖြင့် ပုဂ္ဂလိက ရေနံချက်စက်ရုံများက ထုတ်လုပ်မှု လျှော့ချထားကြသည်။

Source: Reuters
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

Energy News Read 7006 times