ဂျပန် ရေနံစိမ်းတင်သွင်းမှု တစ်ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်


21 January, 2023

ဂျပန် ရေနံစိမ်းတင်သွင်းမှု ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့စတုတ္ထအများဆုံး ရေနံစိမ်းဝယ်သူဖြစ်သည့် ဂျပန်နိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် တစ်နှစ်တာ ဝယ်ယူသည့် ပမာဏ  ၈.၅% ခုန်တက်သွားသည်။ တစ်ဆယ်နှစ်အတွင်း တစ်နှစ်တာ ဝယ်ယူသည့် ပမာဏ ပထမဆုံးအကြိမ် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ တန်ဖိုးစုစု‌ပေါင်းမှာ ၂ ဆနီးပါး မြင့်တက်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

ပြီးခဲ့သောနှစ် ၂၀၂၂ တွင်  ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက်  စစ်ပွဲ၏ရလဒ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့ဖြင့် သယံဇာတ ရှားပါးသော ဂျပန်အပါအဝင် စွမ်းအင်တင်သွင်းသူ အများအပြားသည် စွမ်းအင်ဖူလုံရေးကို အာရုံစိုက်ခဲ့ကြသည်။ 

သို့ဖြစ်ရာ ယမန်နှစ် ၂၀၂၃ တွင် ဂျပန်နိုင်ငံသည် ရေနံစိမ်း ကီလိုလီတာ ၁၅၆.၆၂ သန်း တင်သွင်းခဲ့သည်။ ၎င်းပမာဏသည် တစ်ရက်လျှင် စည် barrels per day (bpd)  ၂.၇ သန်းနှင့် ညီမျှပါသည်။

တန်ဖိုးစုစုပေါင်းသည် ၂၀၂၁ ထက် ၉၁.၅% ပိုများပါသည်။ ကန်ဒေါ်လာ ၁၀၃ ဘီလီယံဖိုး တင်သွင်းခဲ့ပါသည်။ရေနံစိမ်း ဈေးတက်ခြင်းနှင့် ယန်းငွေ အားပျော့နေခြင်းတို့ကြောင့် တန်ဖိုး ပိုများစေခဲ့ပါသည်။

Advertisement

Click Here > Baho Pipe

ဂျပန်နိုင်ငံ၏ LNG တင်သွင်းမှုပမာဏမှာ ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တန်ဖိုးမှာ နှစ်ဆနီးပါးဖြစ်သည့် ၉၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပါသည်။

ဓာတ်အားထုတ်လုပ်ရန်အတွက် အပူပေးကျောက်မီးသွေးတင်သွင်းမှုသည် ၂.၅% မြင့်တက်ခဲ့ပါသည်။ တန်ဖိုးမှာ ၂၉၆.၇% ခုန်တက်သွားခဲ့သည်။ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ကမ္ဘာ့အပူကျောက်မီးသွေးစျေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ခြင်းကြောင့် တန်ဖိုးကြီးမားနေခြင်း ဖြစ်ပါသည်။

ပြည်ပမှ တင်သွင်းရမည့် ရေနံ ဓာတ်ငွေ့ လောင်စာရင်းမြစ်များ အပေါ် မှီခိုနေရမှုကို ကန့်သတ်ရန် ဂျပန်နိုင်ငံသည် နျူကလီးယားစွမ်းအင်ကို အဓိက စွမ်းအင်အရင်းအမြစ်အဖြစ်  ပြန်လည်သုံးစွဲသည့် မူဝါဒကို ပြောင်းလဲကျင့်သုံးပါသည်။

ရေနံနှင့် ဓာတ်ငွေ့ အကျပ်အတည်းအတွင်း ၎င်း၏ စွမ်းအင်ဖူလုံရေးကို သေချာစေရန်နှင့် ရေနံနှင့် ဓာတ်ငွေ့ ဈေးနှုန်းများ မြင့်တက်လာသည့် အကျပ်အတည်းကို လျော့နည်းစေရန် ကြိုးပမ်းလျက်ရှိသည်။

ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ် ဖူကူရှီးမား သဘာဝဘေးဒဏ်ကြောင့်  လုံးဝနီးပါးစွန့်လွှတ်ခဲ့သောနျူကလီးယားစွမ်းအင်ကို ပြန်လည်အသုံးပြုရန် မူဝါဒသစ်ကို ဒီဇင်ဘာလတွင် အတည်ပြုခဲ့ပါသည်။

ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ၁၅ မီတာ အမြင့်ရှိ ဆူနာမီ လှိုင်းလုံးကြောင့်  ဖူကူရှီးမား ဒိုင်အိချိ ဓာတ်ပေါင်းဖိုသုံးလုံး၏ ဓာတ်အား ထောက်ပံ့မှုနှင့် အအေးပေးစနစ် အလုပ်မလုပ်တော့သဖြင့် ၂၀၁၁ မတ်လ ၁၁ ရက်တွင် ဓာတ်ပေါင်းဖိုများ  အရည်ပျော်ကျခဲ့ပါသည်။


Source oilprice  


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 893 times