မလေးရှားရှိ ဂျပန်ကုမ္ပဏီများ အလုပ်သမား ရှားပါးမှု ရင်ဆိုင်နေရ


20 January, 2024

မလေးရှားရှိ ဂျပန်ကုမ္ပဏီများ အလုပ်သမား ရှားပါးမှု ရင်ဆိုင်နေရ

https://t.me/Guid4U
JOIN THE CHANNEL 

မလေးရှားရှိ ဂျပန်ကုမ္ပဏီများ၏ ၆၄ ရာခိုင်နှုန်းသည် အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် လက်လီကဏ္ဍများတွင် ထိခိုက်မှု အများဆုံးဖြစ်ကြောင်း Japan External Trade Organization (JETRO) ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ကုန်ထုတ်လုပ်ငန်းနှင့် လက်လီရောင်းချသည့်ကဏ္ဍများအပါအဝင် ဂျပန်ကုမ္ပဏီ ၃၀၀ ခန့်ကို JETRO က စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။

 

"ကုမ္ပဏီအများအပြားအခြေစိုက်ရာ စီလန်ဂေါ၊ ဂျိုဟိုး နှင့် ကွာလာလမ်ပူရှိ ကုမ္ပဏီများ၏ ၆၀% ကျော်သည် လူ့စွမ်းအားအရင်းအမြစ် ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်"ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါပြဿနာသည် ကုမ္ပဏီကြီးများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SME) နှစ်မျိုးစလုံးကို ထိခိုက်နေသည်ဟု ဖော်ပြထားသည်။ 

 

အဆိုပါ စစ်တမ်းကို မလေးရှား အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် ဆောင်ရွက်ခဲ့ပြီး ကုမ္ပဏီ ၄၉၈၂ ခု ကို ၂၀၂၃ ခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စစ်တမ်းကောက်ယူခဲ့ပါသည်။

 

စစ်တမ်းကောက်ယူမှုအရ ကုမ္ပဏီအများစုသည် ၎င်းတို့သည် အလိုအလျောက်စနစ် သုံးစွဲရန် ရည်ရွယ်ထားကြောင်း ဖြေကြားကြသည်။

ဖြေဆိုသူများတွင် ၇၈.၂% က ကုန်ထုတ်လုပ်မှု နည်းပညာများ အဆင့်မြင့်သဖြင့် ယုံကြည်စိတ်ချစွာဖြင့် အလိုအလျောက်စနစ်ကို သုံးစွဲရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖြေကြားသည်။ ၇၃.၃% က လုပ်သားခ ကြောင့်ဟု ဆိုသည်။ ၅၁.၅% ပ လုပ်သား လိုသလောက်မရ ပြတ်လပ်မှုများကြောင့်ဟု ဆိုသည်။

အလိုအလျောက်စနစ် သုံးစွဲရန်အတွက်လည်း လုပ်သား ပြဿနာ ရှိနေပြန်သည်။ အလိုအလျောက် လုက်ကိုင်ပေးသည့်စနစ်အတွက် နည်းပညာပိုင်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ပေးနိုင်သည့် လုပ်သား ရှားပါးနေသည်။ 

 

စစ်တမ်းဖြေဆိုသူများတွင် ၆၀% က လုပ်သား မလုံလောက်သည့် ပြဿနာသည် ၂၀၂၂ ခုနှစ်နှင့် ယခု ထူးမခြားနားဟု ဖြေဆိုကြပြီး ၂၀.၇%က အခြေအနေ တိုးတက်ကောင်းမွန်သည်ဟု ဖြေဆိုကြသည်။

လုပ်သား ရှားပါးသည့် ပြဿနာ ရင်ဆိုင်နေရသော်လည်း စစ်တမ်းတွင် ပါဝင်ခဲ့သည့် မလေးရှားမှ ဂျပန်ကုမ္ပဏီများတွင် ၅၀.၂% က လာမည့် တနှစ်နှစ်နှစ်အတွင်း လုပ်ငန်းတိုးချဲ့ရန် အစီအစဉ် ရှိသည်ဟု ဖြေဆိုကြပါသည်။

Source fmt


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 277 times