ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်သည် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ဗီယက်နမ်ကို ရွေးချယ်


28 January, 2024

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်သည် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ဗီယက်နမ်ကို ရွေးချယ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်နိုင်ငံ ဂျပန်ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ Japan Trade Promotion Organization  (JETRO) မှ သောကြာနေ့ (ဇန် ၂၆) တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အနေအထားအပေါ် စစ်တမ်းအရ  စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ဂျပန်ကုမ္ပဏီများ၏ ၅၆.၇၈% သည် လာမည့် တစ်နှစ် နှစ်နှစ်အတွင်း လုပ်ငန်းချဲ့ထွင်ရန် ဗီယက်နမ်ကို ရွေးချယ်ထားကြသည်။ ၂၀၂၂ ဘဏ္ဍာနှစ်ထက် ၃.၃ ရာခိုင်နှုန်း လျော့ကျခဲ့ပါသည်။ 

အရှေ့တောင်အာရှနိုင်ငံများတွင် ဂျပန်ကုမ္ပဏီများ လုပ်ငန်းတိုးချဲ့ရန် နိုင်ငံ ရွေးချယ်မှုတွင် လာအိုသည် ပထမနေရာတွင် ရှိနေပြီး ဗီယက်နမ်သည် ဒုတိယနေရာတွင် ရှိနေပါသည်။ 

ယခင်က ဗီယက်နမ်သည် နှစ်နှစ်ဆက်တိုက် ပထမနေရာ ရရှိခဲ့ပါသည်။ 

 

၂၀၂၃ ခုနှစ်တွင် JETRO မှ စစ်တမ်းကောက်ယူခဲ့သော အာရှ-ပစိဖိတ် စျေးကွက်များအားလုံးတွင် ဗီယက်နမ်မှာ လုပ်ငန်းတိုးချဲ့ရန် စီစဉ်နေသော ဂျပန်ကုမ္ပဏီများ၏ ရာခိုင်နှုန်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့နောက်တွင် ရှိနေသည်။

လုပ်ငန်းကဏ္ဍအလိုက်ကြည့်လျှင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဗီယက်နမ်တွင် တိုးချဲ့လိုသည့် ဂျပန်ကုန်ထုတ်လုပ်ငန်းများ ၄၇.၁ % ရှိပါသည်။ လက်လီလုပ်ငန်းများ ၁၀၀% ရှိပြီး ကုန်ထုတ်လုပ်မှု မဟုတ်သော လုပ်ငန်းကဏ္ဍတွင် ၆၅.၅% ရှိပါသည်။ 

 

ဂျပန်စီးပွားရေးလုပ်ငန်းများက ဗီယက်နမ်သည် အနာဂတ်တွင် ကြီးထွားလာမည့် အလားအလာရှိသော ဈေးကွက်တစ်ခုအဖြစ် အကဲဖြတ်သည်။ လုပ်သားခ သက်သာခြင်း၊ တည်ငြိမ်သော လူမှုနိုင်ငံရေး အခြေအနေ ရှိခြင်းတို့သည်လည်း ဗီယက်နမ်၏ ကောင်းချက်များ ဖြစ်ပါသည်။ 

ဗီယက်နမ်နိုင်ငံ၏ အားနည်းချက်များမှာ လုပ်သားခများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေခြင်း၊ ရှုပ်ထွေးသော အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းများ ကျင့်သုံးနေခြင်း၊ ဥပဒေရေးရာ မပြည့်စုံခြင်းနှင့် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းတို့ ဖြစ်ပါသည်။ 

ဗီယက်နမ်တွင် လုပ်ကိုင်ပါက အမြတ်ရမည်ဟု ယူဆသော ဂျပန်လုပ်ငန်းများ ၅၄.၃% ရှိပါသည်။ အရှေ့တောင်အာရှ ပျမ်းမျှရာခိုင်နှုန်းထက် ၆.၆% လျော့နည်းပါသည်။ 

အမြတ်မရမှာအတွက် စိုးရိမ်းစရာ အချက်များမှာ ပြည်တွင်းပြည်ပ ဝယ်လိုအား ကျဆင်းနေခြင်း၊ လုပ်သားခ မြင့်တက်လာနေခြင်း၊ သွင်းအားစု ကုန်ကျစရိတ် မြင့်တက်လာနေခြင်း၊ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတို့ ဖြစ်ပါသည်။ 

စစ်တမ်းတွင် ပါဝင်ဖြေဆိုသည့် ကုမ္ပဏီများ၏ ထက်ဝက်က အမြတ်ရရှိမှုသည် ၂၀၂၄ ခုနှစ်တွင် အလားအလာပိုကောင်းသည်ဟု ဖြေဆိုကြပါသည်။ 

 

ဂျပန်ကုမ္ပဏီများသည် ဗီယက်နမ်တွင် ကန်ဒေါ်လာ ၆.၇၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပါသည်။ 

 

 Source vnexpress


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Global News Investment/Divestment Read 357 times