ဂျပန်နှင့် အိန္ဒိယ ချစ်ပ် ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး


04 August, 2023

ဂျပန်နှင့် အိန္ဒိယ ချစ်ပ် ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

ဂျပန်နှင့် အိန္ဒိယတို့သည် ဆီမီးကွန်ဒတ်တာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံမှ ရထားလမ်း၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး Ashwini Vaishnaw နှင့် ဂျပန်နိုင်ငံမှ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Yasutoshi Nishimura တို့သည် ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။


အဆိုပါ သဘောတူညီချက်အရ "ဆီမီးကွန်ဒတ်တာ ဒီဇိုင်း၊ ထုတ်လုပ်မှု၊ စက်ပစ္စည်းသုတေသန၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် 
ထောက်ပံ့ရေး ကွင်းဆက်တို့ ရေရှည်တည်တံ့အောင် ဆောင်ရွက်မည်" ဟု Vaishnaw မှ ပြောကြားခဲ့သည်။

Nishimura က "အိန္ဒိယသည် ဆီမီးကွန်ဒတ်တာ ဒီဇိုင်းကဲ့သို့သော နယ်ပယ်များတွင် အလွန်ကောင်းမွန်သော လူသားအရင်းအမြစ်များ ရှိသည်" ဟု ပြောကြားခဲ့သည်။

“နှစ်ဦးနှစ်ဖက်မှာ ရှိနေတဲ့ အားသာချက်တွေကို အသုံးချပြီး ခိုင်မာတဲ့ စီမံကိန်းတွေကို ရှေ့သို့ ဆက်ရွေ့နေအောင် တွန်းပို့ပေးမယ်" ဟု ၎င်းက ပြောကြားသည်။

အိန္ဒိယသည် “Make in India” မူဝါဒလမ်းစဉ်အရ ကမ္ဘာ့ကုန်ထုတ်လုပ်မှု အချက်အချာအဖြစ်သို့ ရောက်ရှိစေရေးကို ဆောင်ရွက်လျက်ရှိရာ ချစ်ပ် ထုတ်လုပ်ရေးကဏ္ဍကိုလည်း ဖွံ့ဖြိုးစေလိုသည်။

နိုင်ငံခြားကုမ္ပဏီများသည် တရုတ်ပြည်တွင် လုပ်သားစရိတ်များ တိုးမြင့်လာခြင်းကြောင့် လွန်ခဲ့သည့် ၁၀နှစ်အတွင်း ၎င်းတို့၏ တရုတ်နိုင်ငံရှ် ထုတ်လုပ်မှုကို  တရုတ်ပြည် ပြင်ပသို့ ရွှေ့ပြောင်းခဲ့ကြသည်။

ယခုအခါ တရုတ်အစိုးရက ပြည်ပကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများသာမက နည်းပညာများ၊ ဒေတာများကိုပါ ရယူဖို့ ကြိးပမ်းသဖြင့် ပြည်ပကုမ္ပဏီများ အဖို့ စိုးရိမ်စရာ ဖြစ်လာသည်။ 

ထို့ပြင် ၂၀၂၁ ဒေတာ လုံခြုံရေးဥပဒေကို တရုတ်အစိူရက ပြင်ဆင်ချက်များ ပြဋ္ဌာန်းခဲ့ရာ ဇူလိုင်လ ၁ ရက်တွင် စတင်သက်ရောက်ခဲ့သည်။ 
တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွား ကာကွယ်ရန်ဟု ဆိုထားပြှီး မလိုက်နာပါက သူလျိုမှုဖြင့် အရေးယူခံရဖွယ် ရှိသည်။

အမေရိကန်အစိုးရကလည်း ချစ်ပ်နည်းပညာနှင့် ချစ်ပ်ထုတ်လုပ်မှုအတွက် စက်ပစ္စည်းကိရိယာများ တရုတ်ပြည်သို့ တင်ပို့ခြင်း မပြုရန် တားမြစ် ပိတ်ပင်ထားသည်။

တရုတ်နိုင်ငံသည် မိတ်ဘက်မကျသော စီးပွားဝန်းကျင် ပိုဖြစ်လာနေချိန်တွင် နိုင်ငံတကာ ဆီမီးကွန်ဒတ်တာကုမ္ပဏီများသည် အိန္ဒိယနိုင်ငံအား ထုတ်လုပ်မှု အခြေစိုက်ရန် နေရာတစ်ခုအဖြစ် မျက်စိကျကြသည်။

Source VOA
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 263 times