အစ္စရေး ရေနံစိမ်းသုံး ဓာတ်ငွေ့  ဥရောပသို့ ပထမဆုံးအကြိမ်တင်ပို့


18 February, 2023

အစ္စရေး ရေနံစိမ်းသုံး ဓာတ်ငွေ့  ဥရောပသို့ ပထမဆုံးအကြိမ်တင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အစ္စရေးနိုင်ငံသည် ကမ်းလွန်ပင်လယ်ပြင် Karish ဓာတ်ငွေ့တွင်းမှ ဥရောပသို့  ရေနံစိမ်းသုံး ဓာတ်ငွေ့များကို ပထမဆုံးအကြိမ် တင်ပို့ခဲ့ကြောင်း ဂရိဓာတ်ငွေ့ကုမ္ပဏီ Energean က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

လန်ဒန်စတော့အိပ်ချိန်းနှင့် တယ်လ် အဗစ်ဗ်စတော့အိပ်ချိန်းတို့တွင် စာရင်းဝင်ဖြစ်သော Energean က Karish ဓာတ်ငွေ့သိုက် နှင့် Tanin ဓာတ်ငွေ့သိုက် နှစ်ခုတွင် ထုတ်လုပ်ရေးကို တာဝန်ယူထားသည်။ ၎င်းဓာတ်ငွေ့သိုက် ၂ ခုစလုံးသည် မြေထဲပင်လယ်မှ အစ္စရေး စီးပွားရေးဇုန်ထဲတွင် တည်ရှိသည်။

သဘာဝဓာတ်ငွေ့မှ ထုတ်ယူထားသော ဟိုက်ဒရိုကာဘွန် ဓာတ်ငွေ့ရည် hydrocarbon gas liquid(HGL) ကို ဥရောပသို့ တင်ပို့ကြောင်း Energean ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းဓာတ်ငွေ့ရည် HGL ကို ရေနံစိမ်းတွင် ထည့်သွင်းသုံးစွဲပါသည်။ 

အစ္စရေးနှင့် လက်ဘနွန်တို့ နှစ်ရှည်လများ  ဓာတ်ငွေ့သုိက်နှင့် ပတ်သက်၍ အငြင်းပွားမှုကို အဆုံးသတ်စေသည့် ဓာတ်ငွေ့တွင်းအငြင်းပွားမှုကို အဆုံးသတ်စေရန် အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးပြီး ၂၀၂၂ အောက်တိုဘာလတွင် လက်ဘနွန် ပင်လယ်ရေကြောင်းပိုင်နက်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် တစ်ရက်အလိုတွင် Energean ဓာတ်ငွေ့ ထုတ်လုပ်တင်ပို့ခွင့်ကို ရရှိခဲ့သည်။
Karish နှင့် Tanin ဓာတ်ငွေ့သိုက်များတွင် သဘာဝဓာတ်ငွေ့ စုစုပေါင်း ၇၅ ဘီလီယံ ကုဗမီတာခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

Karish သည် အစ္စရေး၏ တတိယမြောက် ကမ်းလွန်သဘာဝဓာတ်ငွေ့တူးစင် ဖြစ်ပါသည်။
Tamar, Leviathan, Karish ဓာတ်ငွေ့သိုက်များမှ ဓာတ်ငွေ့များကို အစ္စရေး ပြည်တွင်းသုံးစွဲရန်
 ပိုက်လိုင်းများဖြင့် ပေးပို့သည်။

 အစ္စရေးသည် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုကို ၂၀၁၇ တွင် စတင်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် အီဂျစ်နှင့် ဂျော်ဒန် နိုင်ငံတို့ထံ တင်ပို့သည်။
၂၀၂၂ ဇွန်လတွင် အီဂျစ်မှတစ်ဆင့်  အီးယူသို့ ဓာတ်ငွေ့တင်ပို့ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
Source timeofisreal

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 2075 times