အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း တက်ရောက်ရန် လိုအပ်ကြောင်း အသိပေးကြေညာ


12 January, 2023

အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း တက်ရောက်ရန် လိုအပ်ကြောင်း
အသိပေးကြေညာ

 မူပိုင်ခွင့်ဦးစီးဌာနမှ ထုတ်ပြန်သည့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအား တက်ရောက်ရန် အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။ 


အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းအား တက်ရောက်ရန် အသိပေးကြေညာချက်

၁။        ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ(၂၀၁၉)ကို ၂၀၂၃ ခုနှစ် ၊ မတ်လတွင် အာဏာသက်ဝင်ရန် ဆောင်ရွက်လျက်ရှိရာ အာဏာသက်ဝင်ပြီးပါက ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းကို တရားဝင်လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။ အာဏာသက်ဝင်ပြီးပါက WIPO FILE User Account ရရှိ ပြီးသူများသည် မူပိုင်ခွင့်ဦးစီးဌာနက ဖွင့်လှစ်ပေးလျက်ရှိသည့် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများကို တက်ရောက်ပြီးမှသာ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ် အဖြစ် လက်ခံဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပါသည်။

၂။         သို့ဖြစ်ပါ၍ ကိုယ်စားလှယ်သင်တန်း တက်ရောက်ထားခြင်းမရှိသော WIPO FILE User Account ပိုင်ရှင်များနှင့် မူပိုင်ခွင့်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်မည့် “အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ် သင်တန်း(၁/၂၀၂၃)” သို့ မဖြစ်မနေတက်ရောက်ရန် လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

  မူပိုင်ခွင့်ဦးစီးဌာန

Laws and Regulations Read 247 times