ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း အပါအဝင် လုပ်ငန်းသစ် ၆ ခု ခ


04 October, 2023

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း အပါအဝင် လုပ်ငန်းသစ် ၆ ခု ခွင့်ပြု


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု၏ မတည်ငွေရင်း တိုးမြှင့် ခြင်းအပါအဝင်  လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပါသည်။ 

ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂.၉၈ သန်းနှင့် ကျပ် ၃၁၄,၇၃၉.၁၄၁ သန်း ဖြစ်ပါသည်။ 
ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ 

၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ 
●  စင်ကာပူနိုင်ငံ၊ 
●  တရုတ်နိုင်ငံနှင့် 
●  ထိုင်းနိုင်ငံ
တို့ဖြစ်ပါသည်။

စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ
 ● လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈.၄၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ 
● ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၄၆ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊
●  စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၃၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း
 ရင်းနှီးမြှုပ်နှံထားပါသည်။
Source dica



To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 237 times