မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နှင့်ယှဉ်ပြိုင်ရန် ကြိုးစားလာသော အိန္ဒိယ


08 May, 2019

အိန္ဒိယအခြေစိုက် ပုဂ္ဂလိပိုင်ကုမ္ပဏီဖြစ်သော Adani သည် အလုံမြို့နိုင်ငံတကာဆိပ်ကမ်းအမှတ် ၂ [Ahlone International Port Terminal (2) (AIPT)] ကိုလုပ်ကိုင်ရန်အတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ကိုရရှိသွားပြီဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။

အဆိုပါ အလုံမြို့နိုင်ငံတကာဆိပ်ကမ်းအမှတ် ၂ သည် အဒမန်ပင်လယ်၏ ၅၀ ကီလိုမီတာအကွာ ရန်ကုန်မြစ်တွင် တင်ရှိမည်ဖြစ်ပြီး အရှည် ၁၆၇ မီတာနှင့် တန်ချိန် ၁၅,၀၀၀ အထိရှိ ပင်လယ်သဘောၤကြီးများ သွားလာနိုင်မည်ဖြစ်သည်။

Adani ကုမ္ပဏီသည် ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိ စွမ်းအင်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆိပ်ကမ်းစသော စီးပွားရေးလုပ်ငန်းတို့ကို လုပ်ကိုင်နေသည့်ကုမ္ပဏီဖြစ်သည်။

အဆိုပါ အလုံမြို့နိုင်ငံတကာဆိပ်ကမ်းအမှတ် ၂ သည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြေဧက ၅၀ ပေါ်တွင် လုပ်ဆောင်သွားဖို့ရှိပြီး ဒေါ်လာသန်း ၂၉၀ အကုန်အကျခံတည်ဆောက်သွားမှာဖြစ်ပါတယ်။

တည်ဆောက်မှုပထမအဆင့်ကို နောက်နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရန်လျာထားခဲ့ပြီး ဒုတိယအဆင့် တည်ဆောက်မှုအတွက် နောက် ၆ လလျာထားသတ်မှတ်ထားကာ ဆိပ်ကမ်းဝင်ဆံ့နိုင်မှုကို တိုးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို လိုက်မီယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုးစားမှုတစ်ခုဖြစ်ပြီး အဆိုပါပရောဂျက်သည် အိန္ဒိယ၏ မြန်မာနိုင်ငံ အခြေခံအုတ်မြစ်ကဏ္ဍများအတွက် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု၏ အကြီးဆုံးထဲမှတစ်ခုလည်းဖြစ်သည်ဟု သတင်းများကဖော်ပြပေးခဲ့ပါတယ်။

splash247.com 

Investment/Divestment Read 2409 times