လုပ်ငန်းအမျိုးအစား (၈)မျိုးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်


25 November, 2021

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဦးစားပေးဆောင်ရွက်သွားမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစား ၈ မျိုးအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ 


ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်
ရန်အတွက် အောက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများကို အဆိုပြုလွှာတင်ပြ လာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာ များ တင်ပြကြရန် ဖိတ်ခေါ်အပ်ပါသည်
(က) ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများ
(ခ) ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းများ။
(ဂ) သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ။
(ဃ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ။
(င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ။
(စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ။
(ဆ) . ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ။
(ဇ) အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအနေဖြင့် အဆိုပြုလွှာ တင်ပြလာပါ က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကလည်း ... လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည် - 

လိပ်စာ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်
အမှတ် ၁သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်
+၉၅-၉-၂၀၂၃၈၂၁၊ 
+၉၅-၁-၆၅၈၁၃၂

အီးမေးလ်
[email protected]
[email protected]
 

 

 

Investment/Divestment Read 775 times