Interra က ချောက်ရေနံမြေမှာ ဆဌမမြောက်ရေနံတွင်း တူးဖော်မှု ပြီးစီး


04 November, 2021

စင်ကာပူ ကုမ္ပဏီ Interra Resources Limited ("Interra") က ချောက်ရေနံမြေမှာ တူးဖော်တဲ့ ရေနံတွင်း CHK 1228 ကို Goldpetrol Joint Operating Company Inc. ("Goldpetrol") န ဖက်စပ်လုပ်ငန်း  လုပ်ကိုင်လျက်ရှိပြီး ယခုအခါ တူးဖော်မှု ပြီးစီးကြောင်း ထုတ်ပြန်ကြေညာပါတယ်။

Goldpetrol မှာ Interra က ၆၀% ပါဝင်တယ်။ CHK 1228 ရေနံတွင်းကို Goldpetrol ရဲ့ တွင်းတူးစင် ZJ 450 ကို အသုံးပြုတဲ့အတွက် ကုန်ကျစရိတ် သက်သာကြောင်း Interra ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွင်းတူးတာ အတွက် ကုန်ကျစရိတ်ကို လက်ထဲ ရှိတဲ့ အရင်းအနှီးဖြင့် လုံလောက်ကြောင်းလည်း ဖော်ပြထားပါတယ်။
ထို့ပြင် CHK 1228 ဟာ ဆဌမမြောက် ပြီးစီးတဲ့ ရေနံတွင်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

 

 

 

Local News Read 2202 times