ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အဓိကရည်ရွယ်သည့် အကြီးဆုံးပြပွဲ


26 September, 2017

၂၀၁၇အောက်တိုဘာလ ၂၀ရက်မှ ၂၂ရက်အထိ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပမည့်INTERMACH Myanmar, Manufacturing Myanmar နှင့် Subcon Myanmarတို့သည် ပြည်တွင်းကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် တစ်နေရာတည်းနှင့်ပြီးပြည့်စုံမည့် အကြီးဆုံးအရင်းမြစ် ပေါင်းကူးတစ်ခုကို သယ်ယူလာမည်ဖြစ်ပါသည်။

လုပ်ငန်းရှင်များသည် နိုင်ငံတကာမှ ကုန်ထုတ်လုပ်မှုဆိုင်ရာပံ့ပိုးသူများနှင့် ချိတ်ဆက်နိုင်မည့်အခွင့်အရေးများရရှိမည့်အပြင် ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များနှင့် ဗဟုသုတနှင့်အမြင်များ ဖလှယ်နိုင်မည့် အခွင့်အလမ်းများလည်းရရှိမည်ဖြစ်ပါသည်။

အခမ်းအနား၏ အဓိကအချက်အလက်များ

ပြပွဲသည် အကျယ်အဝန်း ၃၄၀၀စတုရန်းမီတာ ကျယ်ဝန်းပြီး ပါ၀င်ပြသမည့်ကုမ္ပဏီ (၁၀၀)ကျော်နှင့် တရုတ်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲများ ပါ၀င်မည်ဖြစ်ကာ ကိရိယာများမှ အဆင့်မြင့်စက်ပစ္စည်းများအထိ ထုတ်ကုန်နှင့် နည်းပညာများကို ပြသသွားမည်ဖြစ်ပါသည်။

Singapore Precision Engineering & Technology Association (SPETA) မှ ဦးစီးပြသမည့် စင်္ကာပူပြခန်းတွဲတွင် တိုင်းတာရေးနှင့် စမ်းသပ်ရေးနည်းပညာများမှ စက်ရုံသုံးကိရိယာများအထိ နောက်ဆုံးပေါ်ထုတ်ကုန်နှင့် နည်းပညာများကို ပြသမည်ဖြစ်ပါသည်။

ပြခန်းတွဲတွင် Elektrim Techtop Motors, New Lead Engineering, Optical Gaging, Swift Precision Engineering, Sumitomo Electric Hardmetal, TRUMPFနှင့် အခြားကုမ္ပဏီများ ပါ၀င်ကြမည်ဖြစ်သည်။

“ SPETAရဲ့ အဓိကဆောင်ရွက်ချက်တွေထဲက တစ်ခုမှာ စင်္ကာပူတွင်အခြေစိုက်သော ကုမ္ပဏီများကို ဖွံ့ဖြိုးလာနေသောစျေးကွက်များတွင် အခွင့်အလမ်းမျာရရှိလာအောင် ကူညီပေးဖို့ဖြစ်ပါသည်။

Manufacturing Myanmar သည် ထိုကိစ္စအတွက်အရေးပါသော ပေါင်းကူးတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။

ယခုနှစ်၏စင်္ကာပူပြခန်းထဲတွင် ကုမ္ပဏီ(၁၀)ကျော်ပါ၀င်မည်ဖြစ်ပြီး ၎င်းတို့အတွက် အင်ဂျင်နီယာဆိုင်ရာ နှင့် နည်းပညာတွေကို မြန်မာနိုင်ငံရဲ့ကုန်ထုတ်ရေးအသိုက်အဝန်းနှင့် ဆက်သွယ်ချိတ်ဆက်နိုင်ဖို့အတွက် ပြသခြင်းဖြစ်ပါသည်။”ဟု Singapore Precision Engineering & Technology Association(SPETA)၏ လက်ထောက်တာဝန်ခံဒါရိုက်တာမှပြောကြားခဲ့ပါသည်။

Taiwan Machine Tool & Accessory Builders’ Association(TMBA) မှ တင်ဆက်သည့် ထိုင်ဝမ် ပြခန်းတွဲသည် ထိုင်ဝမ်နိုင်ငံတွင်ပြုလုပ်သည့် အဆင့်မြင့်စက်ပစ္စည်းနှင့် ကိရိယာများကို အဓိကပြသမည်ဖြစ်ပါသည်။

ဖြတ်တောက်ရေးနည်းပညာကို အဓိကထား၍ ပြသမည့် ကုမ္ပဏီများတွင် Being Enterprise, Campro Precision Machinery, Goodway Machine Corp, Sung Yang Machinery Corporation တို့ပါ၀င်ကြမည်ဖြစ်ပါသည်။

Subcon Myanmar တွင် Thailand Board of Investment (BOI) သည် ထိုင်းပြခန်းတွဲတွင် လုပ်ငန်းသုံးအစိတ်အပိုင်းများအတွက် နောက်ဆုံးပေါ်နည်းပညာများကို အဓိကထား၍ ပြသသွားမည်ဖြစ်ပါသည်။

ထိုအစိတ်အပိုင်းများရှာဖွေရန်အတွက် လာရောက်သူများသည် ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ် ၊ ပုံစံခွက်နှင့်တံဆိပ်နှိပ်ခြင်း၊ အလိုအလျောက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများအတွက် လုပ်ငန်းသုံးအစိတ်အပိုင်းများနှင့် မြင့်တတ်လာနိုင်မည့် လိုလားချက်များကို တွေ့မြင်ရမည် ဟု သိရသည်။

“Thailand Board of Investment (BOI) ၏ ထောက်ပံ့မှုနှင့် SUBCON Myanmar၏ ယခင်ကစီးပွားရေးဆိုင်ရာဆွေးနွေးပွဲအစီစဉ်အောင်မြင်မှုများနှင့်အတူ ယခုနှစ်တွင် ထိုင်းနိုင်ငံက အလိုအလျောက်စက်ပစ္စည်း ၊ဆောက်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းနှင့်လျှပ်စစ်လုပ်ငန်းက စက်ပစ္စည်းထုတ်လုပ်သူနှင့် စက်အစိတ်အပိုင်းထုတ်လုပ်သူ(၅၀) ကျော်သည်ပြည်တွင်းက ကုန်ထုတ်လုပ်သူများအတွက် ချိတ်ဆက်မှုများ ရှာဖွေကြမည်” ဟု BOI Unit for Industrial Linkage development, Thailand Board of Investment ဒါရိုက်တာ Ms.Krongkanoke Managitjonggol ကပြောကြားခဲ့ကြောင်းသိရသည်။

Events & Exhibition Read 684 times