ပို့ကုန်လိုင်စင် ဝန်ဆောင်မှုရယူရန် လိုအပ်သော အချက်အလက်များ


20 March, 2018

ပို့ကုန်လိုင်စင် ဝန်ဆောင်မှုရယူရန် ယူဆောင်လာရမည့် စာရွက်စာတမ်းများ ပို့ကုန်လိုင်စင် လျှောက်ထားရာတွင် အောက်ပါ စာရွက်စာတမ်း အထောက်အထားများဖြင့် လျှောက်ထားရပါမည်။

(၁) ကုမ္ပဏီ Letter Head မူရင်းလျှောက်လွှာ

(၂) Invoice & Sale Contract မူရင်း

(၃) ဌာနဆိုင်ရာများ၏ ထောက်ခံချက် လိုအပ်သည့် ပို့ကုန် ပစ္စည်းများအတွက် သက်ဆိုင်ရာ ဌာနများ၏     ထောက်ခံချက်

(၄) ကုန်ပစ္စည်း အမျိုးအစား အလိုက် ပူးတွဲ တင်ပြရန် လိုအပ်သည့် အထောက်အထားများ

(၅) သက်ဆိုင်ရာဌာန / အသင်း အဖွဲ့များ၏ ထောက်ခံချက် ရယူရန် လိုအပ်သော ပို့ကုန် ပစ္စည်းများ

(၆) ၆၀ဝိ /- ကျပ်တန် တံဆိပ်ခေါင်းပါ Online Application

အခြားလိုအပ်သော စာရွက်စာတမ်းများ

-စားသောက်ကုန်များ FDA ထောက်ခံစာ(food and Drug Admission )

-ဆေးဝါးများ DRC (Drug Registration Certificate)

-ပိုးသတ်ဆေးများ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ရုံးထောက်ခံစာ

-လယ်ယာသုံးပစ္စည်းများ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန် ကြီးဌာနထောက်ခံစာ

-တိရိစ္ဆာန်အရှင်များ၊ အသား/ဥများ Health Certificate

-အပင်၊ပန်းမာလ်၊မျိုးစေ့များ Phythosanitary Certificate

-တိရိစ္ဆာန်အစားအစာ၊ဆေးဝါးများ တိရိစ္ဆာန်မွေးမြူရေး နှင့် ဆေးကုသရေးဦးစီးဌာနမှ ထောက်ခံစာ

-Essential Oil ဓာတုဗေဓ ထောက်ခံချက်

-Dangerous Cargo သိုလှောင်ထိန်းသိမ်းခွင့် ထောက်ခံစာ

-သတ္တုတွင်းဦးစီးဌာန၏ ပြည်ပသို့ တင်ပို့ရောင်းချခွင့်နှင့် ဈေးနှုန်း ထောက်ခံချက်

ဝန်ဆောင်မှုပေးသည့် ရုံးတည်နေရာ ကုန်သွယ်ရေး ဦးစီးဌာန ပို့ကုန်၊သွင်းကုန် ရုံး(ရန်ကုန်) အပတ်စဉ် ရုံးဖွင့် ရက်တွင် လျှောက်ထားနိုင်ပါသည်။

Source: Myanmar Logistics Guide

How To Read 831 times