ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၏ စွန့်ပစ်ရေဆိုးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၂၀၁၇)


17 October, 2017

ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှထွက်ရှိသော စွန့်ပစ်ရေဆိုးများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်နှင့် (၁၃) ရက်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ UMFCCI Office Tower မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုကုန်သည်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တို့မှ ကြီးမှုး၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊  စက်မှုဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဓာတုအင်ဂျင်နီယာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာပြည်တွင်း ပြည်အဖွဲ့အစည်းများမှ အသိပညာရှင်၊ အတတ်ပညာရှင်များပါ၀င်၍ ဆွေးနွေးခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတော်မှ ပြဌာန်းထားသော ဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး၊

ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှထွက်ရှိသော ရေဆိုးများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု အပေါ်စီမံခန့်ခွဲမှု အခက်အခဲနှင့် စိန်ခေါ်မှုများ ဖော်ထုတ်သိရှိရေး၊

ရေဆိုးသန့်စင်ခြင်းဆိုင်ရာ မှန်ကန်သောနည်းပညာများရရှိရေး၊

ကုန်ထုတ်လုပ်သည့် စက်ရုံများမှ ရေဆိုးသန့်စင်စနစ်များ တည်ဆောက်တပ်ဆင်အသုံးပြုရေး အခက်အခဲနှင့် စိန်ခေါ်မှုများ ဖော်ထုတ်သိရှိရေး၊

စက်မှုဇုံများအလိုက်ဗဟိုရေဆိုးသန့်စင်စက်ရုံများထူထောင်နိုင်ရေး၊ ရေဆိုးသန့်စင်ခြင်း  စနစ်များ  ထိရောက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှု့ရေး

စသည်တို့ကို အဓိကထား၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

Local News Events & Exhibition Read 756 times