ဂျပန် စက်မှုလုပ်ငန်းသုံး ရိုဘော့ အမှာစာများ ၂၀၂၂ ခုနှစ်တွင် စံချိန်သစ်တင် များပြား


09 February, 2023

ဂျပန် စက်မှုလုပ်ငန်းသုံး ရိုဘော့ အမှာစာများ ၂၀၂၂ ခုနှစ်တွင် စံချိန်သစ်တင် များပြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ဂျပန်ထုတ်လုပ်သူများထံမှ စက်မှုလုပ်ငန်းသုံး ရိုဘော့များအတွက် အမှာစာများသည် ၂၀၂၂ ခုနှစ်တွင် ယန်း ၉၅၅.၈ ဘီလီယံ (ဒေါ်လာ ၇.၃၅ ဘီလီယံ) အထိ စံချိန်တင်ခဲ့သည်။ ၂၀၂၁ ထက် ၁.၆% ပိုများသည်ဟု ဂျပန်ရိုဘော့အသင်း Japan Robot Association က ပြောကြားသည်။ အသင်းသည် ဒေတာ အချက်အလက်များကို အသင်းဝင်များထံမှ ရယူပါသည်။

ကမ္ဘာလုံးဆိုင်ရာ လုပ်သားရှားပါးမှုနှင့် လျှပ်စစ်ကားများ ထုတ်လုပ်မှုဆီသို့ ပြောင်းလဲကြခြင်း
တို့ကြောင့် ကုန်ထုတ်လုပ်မှုလိုင်း၏ အလိုအလျောက်စနစ်အတွက် စက်မှုလုပ်ငန်းသုံး ရိုဘော့များ လိုအပ်ချက် မြင့်မားလာသဖြင့် ၀ယ်လိုအား မြင့်တက်ပြီး အမှာစာများ  သုံးနှစ်ဆက်တိုက် တိုးလာခဲ့ပါသည်။

စက်မှုလုပ်ငန်းသုံး ရိုဘော့များ ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်းမှာ ယန်း ၈၇၉.၂ ဘီလီယံအထိ ရှိလာပြီး  စံချိန်တင်ခဲ့သည်။ ၂၀၂၁ ထက် ၅.၆% တိုးလာခဲ့ပါသည်။

ထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် အလိုအလျောက်စနစ်သုံးခြင်းဆီသို့ ကူးပြောင်းမှုသည် ထောက်ပံ့ပို့ဆောင်ရေး၊ အစားအသောက်နှင့် ဆေးဝါးများကဲ့သို့သော နယ်ပယ်များတွင် စက်မှုလုပ်ငန်းသုံး ရိုဘော့များ သုံးစွဲကြခြင်းသည်  မကြာသေးမီက ပျံ့နှံ့လာခဲ့သည်။

 

ဂျပန်နိုင်ငံမှ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းသုံး ရိုဘော့များကို ဂျာမနီနိုင်ငံမှ Audi ကားစက်ရုံတွင် တွေ့ရစဉ်

 

Fanuc ကဲ့သို့သော စက်မှုလုပ်ငန်းသုံး ရိုဘော့ထုတ်လုပ်သူများသည် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် လုပ်ဆောင်နေကြပါသည်။

ထုတ်လုပ်မှုလိုင်းများတွင် လူများနှင့်အတူ စက်မှုလုပ်ငန်းသုံး ရိုဘော့များကို အသုံးပြုမှုမှာလည်း တိုးလာနေသည်။

တစ်နှစ်တာအနေဖြင့် ပမာဏ တိုးခဲ့သော်လည်း အောက်တိုဘာမှ ဒီဇင်ဘာလအထိ ၃ လပတ်တွင် အမှာစာ ရရှိမှု ကျဆင်းခဲ့ပါသည်။ ၂၀၂၁ အလားတူကာလထက် ၄.၃% ကျဆင်းပါသည်။ တန်ဖိုးအားဖြင့် ယန်း ၂၂၁ ဘီလီယံဖိုး အမှာစာ ရရှိခဲ့ပါသည်။ ခုရေ ၆၀,၆၃၁ အမှာစာ ရရှိခဲ့ပြီး ၂၀၂၁ အလားတူကာလထက် ၁၁.၂% ကျဆင်းပါသည်။
ကမ္ဘာ့စီးပွားရေး နှေးကွေးမှု အပေါ် စိုးရိမ်မကင်း ဖြစ်ခြင်းနှင့် မော်တော်ယာဥ်ထုတ်လုပ်မှုကဏ္ဍတွင် ချစ်ပ်အပါအဝင် ပစ္စည်း ပြတ်လပ်မှုများ ရှိနေသဖြင့် ထုတ်လုပ်ရေး လိုင်းများကို လက်ရှိအနေအထားအတိုင်း ဆက်လက်လည်ပတ်ခြင်းတို့ကြောင့် အမှာစာ ကျဆင်းသည်ဟု ယူဆပါသည်။
 Source Asia Nikkei 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 883 times