ပြည်ပကုန်ထုတ်လုပ်ငန်းများ စုပြုံ ဝင်ရောက်သဖြင့် ဗီယက်နမ် စက်မှုဇုန် မြေဈေးမြင့်တက်


23 October, 2023

ပြည်ပကုန်ထုတ်လုပ်ငန်းများ စုပြုံ ဝင်ရောက်သဖြင့် ဗီယက်နမ် စက်မှုဇုန် မြေဈေးမြင့်တက်

Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ပြည်ပကုန်ထုတ်လုပ်ငန်းများ စုပြုံ ဝင်ရောက်လာကြသဖြင့် ဗီယက်နမ် မြောက်ပိုင်းတွင် စက်မှုဇုန်မြေ ငှားရမ်းခ ၃၅% မြင့်တက်ခဲ့ပြီး တောင်ပိုင်းတွင် ၁၄.၅% မြင့်တက်ခဲ့သည်။

ဗီယက်နမ်တွင် စက်မှုဇုန် ၃၉၇ ခု ရှိပြီး ငှားရမ်းနိုင်သော စုစုပေါင်း ဧရိယာ ၁၂၂,၉၀၀ ဟက်တာ ရှိသည်။ 
စုစုပေါင်း ဧရိယာ ၃၅,၇၀၀ ဟက်တာရှိဟည့် စက်မှုဇုန်အသစ် ၁၀၆ ခုမှာ ဆောက်လုပ်ဆဲ ဖြစ်သည်။

မြောက်ပိုင်းတွင် ငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် ပျမ်းမျှ US$ 138 ရှိပြီး $102 မှ ဈေးတက်လာခြင်း ဖြစ်သည်ဟု အိမ်ခြံမြေ အတိုင်ပင်ခံ Savills Vietnam မှ ပြောကြားသည်။

 တောင်ပိုင်းတွင် စက်မှုမြေ ငှားရမ်းခ $152 မှ $174 သို့ မြင့်တက်သည်။ မြေအလွတ် ၉၅% ကျော်ကို ငှားရမ်းထားပြီးပြီ ဖြစ်သည်။

တနိုင်ငံလုံး အတိုင်းအတာအရ စက်မှုဇုန်များသည် မြေအလွတ်များကို ပျမ်းမျှအားဖြင့် ၈၀% ကျော် ငှားရမ်းထားပြီး ဖြစ်သည်။

ဗီယက်နမ်သည် ယခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံခြားတိုက်ရုိက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံကျော် ရရှိခဲ့သည်။ ယင်းတွင် ကန်ဒေါ်လာ ၁၄ ဘီလီယံသည် ကုန်ထုတ်လုပ်ငန်းများ ဖြစ်သည်။ 

 

 

Apple ၏ ပစ္စည်းများကို ကန်ထရိုက်ယူပြီး ထုတ်လုပ်‌သည့် Foxconn ၏ လက်အောက်ခံလုပ်ငန်း Fulian Precision Technology Component သည် မြေ ၄၅ ဟက်တာကို ကန်ဒေါ်လာ ၆၂.၅ သန်းဖြင့် ၂၀၅၇ ခုနှစ် ဖေဖော်ဝါရီလအထိ မကြာသေးခင်က ငှားရမ်းခဲ့သည်။ Apple အတွက် iPads နှင့် AirPods များ ထုတ်လုပ်မည် ဖြစ်သည်။ 


Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 281 times