မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲကြီး


11 October, 2018

 မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အရေးပါသော ကဏ္ဍ (၄) ခုအတွက် ရည်ရွယ်ကျင်းပသည့် အကြီးမားဆုံးနှင့် ပါဝင်သည့်နိုင်ငံအစုံလင်ဆုံး နိုင်ငံတကာပေါင်းကူးတစ်ခုဖြစ်သည့် "မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲကြီး” ကို ကျင်းပလျက်ရှိပါသည်။

မြန်မာနိုင်ငံအတွက် စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာပြပွဲကြီးကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်မှ (၁၃) ရက်အထိ ပြပွဲခန်းမသစ်ဖြစ်သော မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) တွင် ကျင်းပလျက်ရှိပါသည်။

ပြပွဲ (၄) ခုကို အတူတကွ စုပေါင်းကျင်းပသည့် အခမ်းအနားတွင် အောက်ပါပြပွဲများပါဝင်ပါသည်။

Construction, Power & Mining Myanmar 2018 သည် မြန်မာနိုင်ငံ၏ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ သတ္တုတူးဖော်ရေးနှင့် သဘာဝတွင်းထွက်တူးဖော်ရေးလုပ်ငန်းများအတွက် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

Intermach Myanmar, MTA Myanmar and Subcon Myanmar 2018 သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍအတွက် တစ်နေရာတည်းတွင် ပြီးပြည့်စုံစေမည့် အကြီးမားဆုံးပေါင်းကူးတစ်ခုအနေဖြင့် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

MyanmarWater 2018 သည် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတကာ ရေအသုံးချနှင့် ထောက်ပံ့ရေး၊ မိလ္လာသန့်စင်ရေး၊ ရေအရင်းအမြစ်၊ စက်ရုံသုံးစွန့်ပစ်ရေး ထိန်းသိမ်းရေးနှင့် သန့်စင်ရေးဆိုင်ရာ အခမ်းအနားအဖြစ် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

Renewable Energy Myanmar 2018 ကို စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသော မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ဈေးကွက်မှ အဆုံးမဲ့အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ပြပွဲတွင် တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ထိုင်ဝမ်၊ အိန္ဒိယ၊ အစ္စရေး၊ ကိုရီးယားနှင့် ဂျပန်တို့မှ နိုင်ငံတကာပြခန်းကြီး (၁၆) ခန်း အပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံမှ ပါဝင်ပြသသည့်ကုမ္ပဏီ (၃၅၀) မှ ပါဝင်ပြသလျက်ရှိပါသည်။ စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ၊ လုပ်ငန်းခွဲဝေအပ်နှံခြင်း၊ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲရေး၊ စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်တို့အပါအဝင် လုပ်ငန်းအမျိုးမျိုးအတွက် နည်းပညာများနှင့် ကိရိယာများကို ပြသမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ယခုအခါ အာဆီယံဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးဖြစ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်တို့အကြား လမ်းဆုံတွင်တည်ရှိပြီး ဗျူဟာမြောက်အနေအထားကို ပိုင်ဆိုင်ထားကာ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ဆောင်ရွက်မှုများကို (၇) နှစ်မြောက်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်သော အချက်အလက်များအရ လွန်ခဲ့သော (၃) လအတွင်း စီမံကိန်း (၁၉) ခုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေ (FDIs) အမေရိကန်ဒေါ်လာ ၂၇၅.၆ မီလီယံ ရရှိထားပါသည်။ MIC သည် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မတိုင်မီ ဧပြီလမှ စက်တင်ဘာလအတွင်း (၆)လတာ ကာလတွင် FDIs အမေရိကန် ဒေါ်လာ (၃) မီလီယံ ရရှိရန် ရည်ရွယ်ထားပါသည်။ ကုန်ထုတ်လုပ်မှုနှင့် အိမ်ခြံမြေတည်ဆောက်မှုကဏ္ဍများသည် အဆိုပါ (၆) လအတွင်း FDIs များကို ဆွဲဆောင်ရာတွင် ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အလားအလာရှိနေပါသည်။

စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပြပွဲကြီးကို UBM Asia မှ စီစဉ်ပြီး ProMinent နှင့် Supreme Group of Companies မှ Gold sponsor အဖြစ် ပါဝင်အားဖြည့်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် (MFMA)၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင့်း (MCEA)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES)၊ မြန်မာနိုင်ငံ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း (REAM) ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးထောက်ပံ့ရေးကော်ပရေးရှင်း (YESC)၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၊ မြန်မာနိုင်ငံအခြေစိုက် ဂျာမနီစက်မှုနှင့် စီးပွားရေးကိုယ်စားလှယ်တို့အပါအဝင် ထိပ်တန်းအဖွဲ့အစည်းများမှ ပံ့ပိုးပေးကြကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ အသိအမှတ်ပြုထားပါသည်။

အဆိုပါပြပွဲသည် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်း၊ လုပ်ငန်းခွဲဝေလက်ခံခြင်း၊ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲရေး၊ စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်လုပ်ငန်းများမှ ကျွမ်းကျင်သူများအတွက် မဖြစ်မနေတက်ရောက်သင့်သည့် အခမ်းအနားဖြစ်ပါသည်။ ပြပွဲသည် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များအတွက် အခမဲ့တက်ရောက်နိုင်သည့် ပြပွဲဖြစ်ပါသည်။

ပြပွဲအချက်အလက်

• နေ့ရက် - ၁၁ – ၁၃ အောက်တိုဘာ ၂၀၁၈
• ပြပွဲဖွင့်လှစ်ချိန်- မနက် (၉) နာရီမှ ညနေ (၅) နာရီ
• ပြပွဲကျင်းပမည့်နေရာ- Yangon Convention Center (YCC), Yangon
• Website- www.cpmyanmar.com, www.intermachmyanmar.com, www.myanwater.com, www.renewableenergymyanmar.com

Events & Exhibition Read 528 times