အင်ဒိုနီးရှား ကုန်သွယ်‌ရေး ပိုငွေ ဒေါ်လာ ၃.၄၂ ဘီလီယံကျော်အထိ ရောက်ရှိ


18 October, 2023

အင်ဒိုနီးရှား ကုန်သွယ်‌ရေး ပိုငွေ ဒေါ်လာ ၃.၄၂ ဘီလီယံကျော်အထိ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ကုန်သွယ်ရေး ပိုငွေ ဆက်ရှိနေခဲ့ပြီး ပိုငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၃.၄၂ ဘီလီယံကျော်သို့ ရောက်ရှိလာသည်။
ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၃.၁၂ ဘီလီယံကျော် ကုန်သွယ်မှု ပိုငွေပြခဲ့သည်ထက် စက်တင်ဘာလတွင် ပိုများခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေး ပိုငွေပြခြင်းအတွက် အဓိကအရင်းအမြစ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ကဏ္ဍ ဖြစ်သည်။

"ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ကုန်သွယ်မှုမှာ ပိုငွေကန်ဒေါ်လာ ၅.၃၄ ဘီလီယံသို့ ရောက်ရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့ ဩဂုတ်လ ပိုငွေပမာဏ ကန်ဒေါ်လာ ၄.၄၆ ဘီလီယံထက် ပိုများခဲ့ပါတယ်"ဟု အင်ဒိုနီးရှားဘဏ်၏ ဆက်သွယ်ရေးဌာန အမှုဆောင်ဒါရိုက်တာ Erwin Haryono က ပြောကြားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့မဟုတ်သော ကုန်သွယ်မှုကဏ္ဍတွင် သံနှင့်သံမဏိ၊ အဖိုးတန်သတ္တုနှင့် လက်ဝတ်ရတနာများအပြင် နီကယ်ပစ္စည်းများကြောင့် ပိုငွေပြခဲ့သည်ဟု Erwin က ပြောကြားသည်။
၎င်းကဏ္ဍတွင် ပို့ကုန်များ အဓိကတင်ပို့သည့် နိုင်ငံများမှာ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ ဖြစ်ပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကုန်သွယ်ရေး လိုငွေ ပြခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကုန်သွယ်ရေး လို‌ေငွပမာဏသည် အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီယံအထိ မြင့်တက်ခဲ့သည်။

Source tempo

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 142 times