အင်ဒိုနီးရှား ဇွန်လ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃.၄၆ ဘီလီယံ စံချိန်သစ်တင် 


18 July, 2023

အင်ဒိုနီးရှား ဇွန်လ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃.၄၆ ဘီလီယံ စံချိန်သစ်တင် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အင်ဒိုနီးရှားသည် ဇွန်လတွင် မမျှော်လင့်ထားသော  ကုန်သွယ်မှုပိုငွေ ပမာဏ ကန်ဒေါ်လာ ၃.၄၆ ဘီလီယံ စံချိန်သစ်တင်ခဲ့သည်။

ဇွန်လတွင် ပို့ကုန် ပမာဏ လျော့ကျခဲ့ပြီး သွင်းကုန်ပမာဏ ထိုးကျသွားခဲ့သဖြင့် ကုန်သွယ်ရေး ပိုငွေပြခဲ့သည်။

စီးပွားရေးပညာရှင်များက ဇွန်လ ကုန်သွယ်မှုပိုငွေ ပမာဏ ကန်ဒေါ်လာ ၁.၃၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

အင်ဒိုနီးရှား၏ ဇန်နဝါရီမှ ဇွန်လအထိ ကုန်သွယ်မှုပိုငွေသည် ကန်ဒေါ်လာ ၁၉.၉၃ ဘီလီယံ ရှိသည်။
 
စားအုန်းဆီ၊ ကျောက်မီးသွေးနှင့် နီကယ်အပါအဝင် အင်ဒိုနီးရှား၏ ထိပ်တန်း ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ ကျဆင်းလာပြီး ကမ္ဘာ့ဝယ်လိုအားလည်း ကျဆင်းလာသည်။
 ပို့ကုန်ဝင်ငွေတွင် ကျောက်မီးသွေးနှင့် စားအုန်းဆီတို့ အလျော့ကျဆုံး ဖြစ်ခဲ့သည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 245 times