အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ  ပို့ကုန်ခွဲတမ်းချ


28 May, 2022

အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ  ပို့ကုန်ခွဲတမ်းချ

 

အင်ဒိုနီးရှားနိုင်ငံသည် အစိုးရ၏ ဟင်းချက်ဆီအစီအစဉ်တွင် စာရင်းပေးသွင်း မှတ်ပုံတင်ထားပြီးဖြစ်သော ကုမ္ပဏီများကို စားအုန်းဆီ တင်ပို့ရန်  ဦးစားပေးမည် ဖြစ်ပြီး ပြည်ပတင်ပို့ရန် စားအုန်းဆီတန်ချိန် ၁ သန်းခန့် ခွဲတမ်းချပေးထားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သောကြာနေ့ (မေလ ၂၇ ရက်)တွင် ပြောကြားခဲ့သည်။

 

 စားအုန်းဆီထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံးဖြစ်သည့် အင်ဒိုနီးရှားသည် ပြည်တွင်း ဟင်းချက်ဆီဈေးနှုန်းများ ကြီးမြင့်နေသည်ကို ထိန်းချုပ်ရန် ရည်ရွယ်၍ သုံးပတ်ကြာ ပြည်ပတင်ပို့ရောင်းချမှု ပိတ်ပင်ပြီးနောက် မေလ ၂၃ ရက်မှ ပြန်လည်စတင်ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီများသည် ပြည်ပတင်ပို့မှု  ပြန်လည်စတင်ရန် အစိုးရ စည်းမျဉ်းစည်းကမ်းများ၊ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် လုပ်ထုံးလုပ်နည်းများကို စောင့်ဆိုင်းလျက်ရှိသည်။

အစိုးရက စားအုန်းဆီ ပို့ကုန်လုပ်ငန်းရှင်များကို လက်ကားဟင်းချက်ဆီ အစီအစဉ်တွင် ပါဝင်ခိုင်းထားသည်။ အစိုးရမှ ပြဋ္ဌာန်းထားသော ပြည်တွင်းဈေးကွက်တာဝန် Domestic Market Obligation (DMO) အရ တာဝန်ကျေသည့် ကုမ္ပဏီများသည် တာဝန်ကျေသည့် ပမာဏအရ ပြည်တင်ပိုခွင့် ပမာဏ အနည်းအများကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

 

“လောလောဆယ်မှာ အစိုးရက စားအုန်းဆီ တန်ချိန် ၁ သန်းလောက်ကို တင်ပို့ရန် ခွင့်ပြုဖို့ လျာထားပါတယ်။ ဆီသိုလှောင်ကန်တွေ ပြည့်နေပြီး လက်ကားဟင်းချက်ဆီ အစီအစဉ်မှာ မှတ်ပုံတင်ထားတဲ့ စားအုန်းဆီ ထုတ်လုပ်သူတွေက ပို့ကုန်ပါမစ် ခွင့်ပြုမိန့်ကို ချက်ချင်း လျှော်ကထားနိုင်ပါတယ်" ဟု ကုန်သွယ်ရေး ဝန်ကြီးဌာနှ တာဝန်ရှိသူ Veri Anggriono က စားအုန်းဆီ လုပ်ငန်းရှင်များကို သောကြာနေ့တွင် အသိပေးပြောကြားသည်။

 

 

281150556_5170438479661036_8446060796141287448_n.jpg

 

ကုမ္ပဏီတွေက ပို့ကုန်ပါမစ်‌ကုိ ချက်ချင်း ‌ေလျှာက်ထားရင် လမကုန်ခင် တင်ပို့နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောကြားပါသည်။

တန်ချိန် ၁ သန်းခန့် ခွဲတမ်းအတွက် သက်တမ်းကာလကို ပြောကြားခြင်း မပြုချေ။

 

 

မတ် ၁၆ ရက်မှ မေလ ၃၁ ရက်အထိ ပြည်တွင်းဈေးကွက်ထဲတွင် စားသုံးဆီအမြောက်အများ ဖြန့်ဝေသည့် ကုမ္ပဏီများသည် စားအုန်းဆီရန်ပုံငွေအေဂျင်စီထံမှ ထောက်ပံ့ကြေးငွေများ ရယူရန် သို့မဟုတ် ပို့ကုန်ပါမစ်ရယူရန် ရွေးချယ်နိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

 

 

Agriculture & Livestock Export, Import Read 2410 times