သံဖြူ တင်ပို့ခွင့်ပိတ်ပင်မှုအတွက် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားက  ပြောကြား


26 October, 2022

 

သံဖြူ တင်ပို့ခွင့်ပိတ်ပင်မှုအတွက် ပြင်ဆင်ထားရန် အင်ဒိုနီးရှားက  ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အင်ဒိုနီးရှား အာဏာပိုင်တို့က သံဖြူ တင်ပို့မှု ပိတ်ပင်ရန် အစိုးရက ဆုံးဖြတ်တဲ့အခါ အဆင်သင့်ဖြစ်ရန် လက်ရှိ သံဖြူလုပ်ငန်းကဏ္ဍ အခြေအနေများကို အကဲဖြတ်ရန် အချက်အလက်များ ပြင်ဆင်နေပါတယ်။

ကမ္ဘာ့ထိပ်တန်း ခဲမဖြူ တင်ပို့သူဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်း သတ္တုလုပ်ငန်းကဏ္ဍကို ကုန်ကြမ်းများ တင်ပို့ခြင်းအစား တန်ဖိုးထပ်ဖြည့်ထည့်ပြီး ကုန်ပစ္စည်းအနေဖြင့် ထုတ်လုပ်ဖို့ စီမံဆောင်ရွက်လျက်ရှိရာ အချို့သတ္တုများကို ကုန်ကြမ်းအဖြစ်ဖြင့် တင်ပို့ခွင့် ပိတ်ပင်ထားပြီဖြစ်ပြီး ယခုအခါ သံဖြူကိုလည်း တင်ပို့ခွင့် ပိတ်ပင်ရန် အသင့်ပြင်ဆင်နေခြင်း ဖြစ်ပါသည်။

 

အင်ဒိုနီးရှားသည် ၎င်း၏ သံဖြူသတ္တုထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းသာ သုံးစွဲပါသည်။သံဖြူများကို ၉၀%အထက် သန့်စင်ပြီး သံဖြူသတ္တုချောင်းများအဖြစ်ဖြင့် ပြည်ပသို့ တင်ပို့ပါသည်။ 

 

အင်ဒိုနီးရှားက နီကယ်သတ္တုရိုင်းများ တင်ပို့ခြင်းကို ပိတ်ပင်လိုက်ခြင်းကြောင့် နီကယ်သတ္တုစက်ရုံများ အင်ဒိုနီးရှားမှာ အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုပြုပြီး လာရောက်လုပ်ကိုင်ကြပါတယ်။

 

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ဘောက်ဆိုက်သတ္တုနှင့် သံဖြူသတ္တုအတွက်လည်း အလားတူ လုပ်ဆောင်လိုကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

Source Asia Nikkei

Tin ingots

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 373 times