လူသုံးကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန်စစ်ဆေးမှုများ အင်ဒိုနီးရှား တင်းကျပ်ထား


13 October, 2023

လူသုံးကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန်စစ်ဆေးမှုများ အင်ဒိုနီးရှား တင်းကျပ်ထား

 To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အင်ဒိုနီးရှားသည် သွင်းကုန်များ စုပြုံဝင်ရောက်လာပြီးနောက် လူသုံးကုန်ပစ္စည်းအချို့အပေါ် အကောက်ခွန်စစ်ဆေးမှုများ တင်းကျပ်ထားသည်။

အလှကုန်၊ ဖိနပ်၊ အဝတ်အစား၊ အရုပ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများ အပါအဝင် တင်သွင်းလာသော ကုန်ပစ္စည်းအချို့အတွက် အကောက်ခွန် စောင့်ကြည့်ကြပ်မတ်မည်ဟု အင်ဒိုနီးရှားသမ္မတရုံးမှ ပြောကြားသည်။

 
တင်သွင်းသော ကုန်ပစ္စည်းများ အလုံးရင်းဖြင့် ဝင်ရောက်လာသည့်အတွက်  ပြည်တွင်းဈေးကွက်ကို ဈေးကွက်ပျက်စေသည်ဟု စီးပွားရေးအသင်းအဖွဲ့များမှ တိုင်ကြားမှုများကြောင့် ယခုကဲ့သို့ ထိန်းသိမ်းကြပ်မတ်ရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တင်သွင်းသည့် ကုန်စည်များ ဖြန့်ဖြူးခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက စောင့်ကြည့်သည်။ 
ယခုကျင့်သုံးသည့် ထိန်းသိမ်းကြပ်မတ်ခြင်းသည် တင်သွင်းသည့် လုပ်ငန်းရှင်များသည် မဖြစ်မနေ သွင်းကုန်ပါမစ် လျှောက်ထားရယူရမည်။ ကုန်စည် စစ်ဆေးရေး အစီရင်ခံစာ မဖြစ်မနေ ရယူရမည်။ 
ထိုအစီအစဉ်အတွက် ဝန်ကြီးဌာနများက အမိန့်ကြေညာစာများ ထုတ်ပြန်မည် ဖြစ်သည်။
Source: Reuters
 To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 194 times