အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုခွဲတမ်း တိုးမြှင့်သတ်မှတ်


05 July, 2022

အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုခွဲတမ်း တိုးမြှင့်သတ်မှတ်

 

လယ်သမားများ အရေးပေါ်ဒုက္ခကြုံတွေ့နေရသဖြင့် အင်ဒိုနီးရှား အစိုးရက စားအုန်းဆီတင်ပို့မှု ခွဲတမ်းကို တိုးမြှင့်လိုက်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် စားသုံးဆီ သိုလှောင်ထားရှိရတဲ့ပမာဏ များပြားလွန်းနေ‌တာကို လျှော့ချနိုင်ဖို့ လိုအပ်ကြောင်း နှင့် ဆီအုန်းဈေးနှုန်းများ ဈေးပြုတ်ကျကုန်သဖြင့် လယ်သမားများ အရေးပေါ် ဒုက္ခရောက်နေသည့် အခြေအနေ ကြုံတွေ့နေရကြောင်း၊ သို့ဖြစ်ရာ စားအုန်းဆီ ပို့ကုန်ခွဲတမ်း တိုးမြှင့်ကြောင်း ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အင်္ဂါနေ့ (ဇူလိုင် ၅ ရက်) တွင် ပြောကြားသည်။

 

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ တင်ပို့သည့်နိုင်ငံဖြစ်သော အင်ဒိုနှီးရှား နိုင်ငံက သုံးပတ်တိုင်တိုင် စားအုန်းဆီအမျိုးမျိုး ပြည်ပတင်ပို့မှု လုံးဝရပ်ဆိုင်း ထားခဲ့ပြီး မေလ ၂၃ ရက်တွင် ပြည်ပတင်ပို့မှု ပြန်လည်ခွင့်ပြုခဲ့သည်။ ပြည်တွင်းမှာ သိုလှောင်သိမ်းဆည်းထားရသည့် စားအုန်းဆီ ပမာဏ များပြားနေသဖြင့် ဆီစက်များက ဆီအုန်းများ အဝယ်ရပ်ကြသောကြောင့် ဆီးအုန်းခိုင်များ ဈေးထိုးကျကုန်သည်။ ထိုအခါ ဆီအုန်းစိုက်ခင်းများ စိုက်ပျိုးသည့် လယ်သမားများ ဒုက္ခရောက်ကုန်ကြသဖြင့် ပြည်ပတင်ပို့ခွင့် ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။

 

 တနင်္လာနေ့(ဇူလိုင် ၄) တွင် စားအုန်းဆီ ထုတ်လုပ်သည့်လုပ်ငန်းက ပြည်တွင်းဈေးကွက်တွင် ရောင်းချသည့် ပမာဏ၏ ၇ ဆကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုလိုက်သည်။ ယခင်က ၅ ဆကိုသာ တင်ပို့ခွင့်  ရရှိသည်။

 

ပြည်တွင်းဈေးကွက်တွင် ရောင်းချရမည့် ပမာဏ တာဝန်ကျေပြီးသော ကုမ္ပဏီများကို ကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပို့ကုန်ပါမစ်များ ချပေးခဲ့ရာ စုစုပေါင်း တန်ချိန် ၂.၄ သန်း ခွင့်ပြုခဲ့သည်။

ယခင် ခွဲတမ်းအဟောင်းနှင် ပြည်ပတင်ပို့မှု အရှိန်မြှင့်တင်ရေး အစီအစဉ်အရ အင်ဒိုနီးရှား ကုမ္ပဏီများသည် စုစုပေါင်း တန်ချိန် ၃.၄ သန်း တင်ပို့ရန် ခွဲတမ်းချထားပြီး ဖြစ်သည်။

 

ဆီစက်များတွင် စားအုန်းဆီ သိုလှောင်ကန်များ ပြည့်နေသဖြင့်  တသီးပုဂ္ဂလစိုက်ပျိုးသည့် လယ်သမားများထံမှ ဆီအုန်းခိုင်များ ဝယ်ယူခြင်းကို အဝယ်ရပ်ထားကြသည်။ 

သိုဖြစ်ရာ ဆီအုန်းခိုင်များ ဈေးထိုးကျကုန်သည်။ ပြည်ပတင်ပို့ခွင့် မပိတ်ခင်က တစ်ကီလိုဂရမ်လျှင် ၃,၆၀၀ ရူပီယာ( ကန်ဒေါ်လာ ၀.၂၄၀၂) ရှိခဲ့ပြီး ယခုအခါ ၈၀၀~၁,၀၀၀ ရူပီယာအထိ ဈေးကျသွားသည်။ 

ခူးချိန်တန်သည့် အချိန်တွင် မခူးပါက အသီးများ ပျက်စီးမည် ဖြစ်သဖြင့် ဆွတ်ခူးကြပြီး ရရာဈေးနှုန်းဖြင့် လယ်သမားများ ရောင်းချနေကြရသည်။ 

ပြည်တွင်းစားအုန်းဆီ သုံးစွဲမှု ပိုများလာစေရန် ဒီဇယ်ဆီနှင့် စားအုန်းဆီ ရောနှောပြီး ဇီဝဒီဇယ် အသုံးပြုရန် ပြဋ္ဌာန်းထားသည်ကို စားအုန်းဆီ ၃၀%  ရောနှောခြင်းအစား ၃၅~၄၀% ရောနှောသင့်ကြောင်း ဝန်ကြီးက အဆိုပြုထားသည်။ 

 

အင်ဒိုနီးရှား စားအုန်းဆီ မူဝါဒ ဂငယ်ကွေ့ ကွေ့လိုက်ပြီး ပြည်ပတင်ပို့နိုင်ရေး အရှိန်တင် ဆောင်ရွက်လာသဖြင့် မလေးရှား စားအုန်းဆီ ကြိုပွိုင့် ရောင်းဈေးများ ၁၁% ကျော် ဈေးကျသည်။ နောက်ဆုံး အကြီးအကျယ် ဈေးကျခဲ့သည်မှာ ဇွန်လတွင် ဖြစ်ပွားခဲ့ပြီး ၂၂% ဈေးကျခဲ့သည်။ ၂၀၀၈ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် အကျအကြမ်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါသည်။ 

#MyanmarFoodGuide
 Telegram Channel
https://t.me/Guid4U

Source: Reuters

Agriculture & Livestock Export, Import Read 365 times