ဒေါ်လာ ၃.၅ ဘီလီယံ အင်ဒိုနီးရှား ကုန်သွယ်မှုပိုငွေပြ


16 November, 2023

 ဒေါ်လာ ၃.၅ ဘီလီယံ အင်ဒိုနီးရှား ကုန်သွယ်မှုပိုငွေပြ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အင်ဒိုနီးရှားသည် ပြီးခဲ့သည့်လ အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၃.၄၈ ဘီလီယံ ကုန်သွယ်မှုပိုငွေပြခဲ့သည်။ ပို့ကုန်နှင့် သွင်းကုန် နှစ်မျိုးစလုံး မျှော်လင့်ထားသည်ထက် လျော့နည်းသွားကြောင်း ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ကုန်သွယ်မှု ပိုငွေပြသဖြင့် ဗဟိုဘဏ် Bank Indonesia (BI) သည် မူဝါဒ အတိုးနှုန်း အကြိမ်ကြိမ် တိုးမြှင့်ပေးနေခြင်း ရပ်ဆိုင်းထားမည်ဟု မျှော်လင့်ရသည်။
 Bank Indonesia သည် နိုဝင်ဘာလ ၂၂ နှင့် ၂၃ တို့တွင် ငွေကြေးမူဝါဒကို သုံးသပ်မည် ဖြစ်သည်။ 

ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ကျဆင်းမှုကြောင့် မကြာသေးမီလများအတွင်း အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေး အင်ဒိုနီးရှားမှ တင်ပို့မှုတန်ဖိုး ကျဆင်းခဲ့သည်။
သို့သော်လည်း သယံဇာတ ပေါကြွယ်ဝသော အင်ဒိုနီးရှားနိုင်ငံသည် ကုန်သွယ်မှု ပိုငွေကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါသည်။ 
အင်ဒိုနီးရှားသည် ၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ ကုန်သွယ်မှုပိုငွေကို လစဉ်လတိုင်း မှတ်တမ်းတင်ခဲ့ပါသော် းလည်း ကျဆင်းနေသော ရူပီယာငွေကြေးကို ကာကွယ်ရန်အတွက် ဗဟိုဘဏ်သည် ပြီးခဲ့သည့်လက အများက မမျှော်လင့်ဘဲ မူဝါဒအတိုးနှုန်း တိုးမြှင့်ပြဋ္ဌာန်းခြင်းကို ပြန်လည်စတင်ခဲ့သည်။
၂၀၂၂ ဩဂုတ်လမှစ၍ ယခုအထိ အတိုးနှုန်း ၂.၅၀% မြင့်တက်ခဲ့သည်။ 


အောက်တိုဘာလတွင် ပို့ကုန်များ  တန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၂၂.၁၅ ဘီလီယံ ရှိသည်။ 

သွင်းကုန်များ တန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၁၈.၆၇ ဘီလီယံ ရှိသည်။

 
Source: Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Global News Read 250 times