စားအုန်းဆီတင်ပို့မှု အရှိန်မြှင့်အစီအစဉ် အင်ဒိုနီးရှား စတင်


11 June, 2022

စားအုန်းဆီတင်ပို့မှု အရှိန်မြှင့်အစီအစဉ် အင်ဒိုနီးရှား စတင်

 

အင်ဒိုနီးရှားနိုင်ငံက  စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ထားခြင်းကို မကြာသေးမီက ပြန်ဖွင့်ပေပြီးနောက် အနည်းဆုံး စားအုန်းဆီအမျိုးမျိုး တန်ချိန် ၁ သန်းကို စားအုန်းဆီ ပို့ကုန်လုပ်ငန်းရှင်များအကြား ခွဲတမ်းချပေးပြီး တင်ပို့ရန် ရည်ရွယ်သည့် ပို့ကုန်အရှိန်မြှင့် အစီအစဉ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးက ကြာသပတေးနေ့ (ဇွန် ၉ ရက်) မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်ကို ဇူလိုင်လ ၃၁ ရက်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တကယ်လို့ တင်ပို့ရန် ခွဲတမ်းကြီးကြီးမားမား လိုအပ်တယ်ဆိုရင် ခွဲတမ်းကြောင့် တန်ချိန် ၁ သန်း ကန့်သတ်ချက် ကျော်လွန်တာကို ခွင့်ပြုပေးမယ်လို့ ဇွန်လ ၇ ရက်မှာ ထုတ်ပြန်တဲ့ စည်းကမ်း သတ်မှတ်ချက်များမှာ ဖော်ပြထားပါတယ်။

စားအုန်းဆီအမျိုးမျိုး တင်ပို့မှုများ ၃ ပတ်ကြာ ပိတ်ပင်ထားခဲ့ပြီး မေလ ၂၃ ရက်မှာ ပြန်လည်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ 
တင်ပို့မှုအပိုင်း  ပြန်အစ အထနှေးနေဆဲ ဖြစ်ပါတယ်။ စည်းကမ်းအသစ်များအရ ပြည်တွင်းဈေးကွက်ထဲ ရောင်းချဖို့ မလွဲမသွေ လိုအပ်လိုအပ်နေတဲ့အချက်ကြောင့် တစ်စို့မှုများ ဖြစ်ပေါ်နေပါတယ်။ 
မူဝါဒ အသစ်ဖြင့် ပြန်ဖွင့်လိုက်တာမှာ စားအုန်းဆီ တင်ပို့လိုသူက ပြည်တွင်းဈေးကွက်ထဲမှာ ဆီအုန်း ရောင်းချတဲ့ ပမာဏ အနည်းအများအရ ပို့ကုန်ခွဲတမ်း ချပေးတာ ဖြစ်တဲ့အတွက် ပို့ကုန်ပါမစ် မလျှောက်ထားခင်မှာ ပြည်တွင်းဈေးကွက်ထဲ စားအုန်းဆီကို အရင်ဦးစွာ ရောင်းချထားဖို့ မလွဲမသွေ လိုအပ်ပါတယ်။

ဆီစက်တွေမှာ ဆီကန်တွေ ပြည့်နေလို့ ဆီစက် နားထားရချိန်မှာ ကုန်ကြမ်းဆီအုန်းခိုင်တွေကို စက်ရုံတွေက အဝယ်ရပ်ထားကြလို့ ဆီအုန်းစိုက်တဲ့သူတွေ ဆီးအုန်းခိုင်များ ရောင်းမရ ဖြစ်နေကြရပါတယ်။


“အစိုးရမှ အရှိန်အဟုန်မြှင့်သည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ထုတ်လုပ်မှု တည်ငြိမ်ရေးနှင့် တောင်သူများအဆင့်တွင် လတ်ဆတ်သော ဆီအုန်းခိုင် ဈေးနှုန်းများ တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဖြစ်ကြောင်း စည်းကမ်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တင်ပို့မှု အရှိန်မြှင့် အစီအစဉ်မှာ ပါဝင်လိုတဲ့ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ တင်ပြရမှာ ဖြစ်ပြီး စားအုန်းဆီ သိုလှောင်မှုလက်ကျန်စာရင်းလည်း ပါဝင်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းပလက်ဖောင်းမှာ အချက်အလက်များ ဖြည့်သွင်းကြရပါတယ်။


အစိုးရက တင်ပို့မှုများကို တွန်ူအားပေးဖို့ စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် အမြင့်ဆုံး  အခွန်နှုန်းထားကို တစ်တန်လျှင် ကန်ဒေါ်လာ ၅၇၅ မှ ၄၈၈ ဒေါ်လာသို့ လျှော့ချပေးထားပါတယ်။

အင်ဒိုနီးရှား၏ စားအုန်းဆီ တင်ပို့မှုပမာဏက တင်ပို့မှု မပိတ်ပင်ခင်ကာလမှာ တစ်လလျှင် ပျမ်းမျှ တန်ချိန် ၂ ဒသမ ၅ သန်းမှ ၃ သန်းကြား ရှိခဲ့ပါတယ်။

Agriculture & Livestock Export, Import Read 1897 times