အင်ဒိုနီးရှား စားအုန်းဆီကြမ်း ပို့ကုန်ခွန် တိုးမြှင့်သတ်မှတ် 


18 March, 2022

အင်ဒိုနီးရှား စားအုန်းဆီကြမ်း ပို့ကုန်ခွန် တိုးမြှင့်သတ်မှတ် 

အင်ဒိုနီးရှား နိုင်ငံမှာ စားအုန်းဆီ ထုတ်လုပ်ရောင်းချ ပမာဏ စုစုပေါင်းရဲ့ ၃၀% ကို ပြည်တွင်းဈေးကွက်မှာ မဖြစ်မနေ ရောင်းချရမည်ဆိုတဲ့ သတ်မှတ်ချက်ကို ကုန်သွယ်ရေးဝန်ကြီးက ရုပ်သိမ်းလိုက်ပါတယ်။

စားအုန်းဆီကြမ်း ပို့ကုန်ခွန်ကို ရောင်းဈေးများအရ ပိုင်းခြားပြီး စည်းကြပ်မည်ဖြစ်ပြီး အများဆုံး တစ်တန်လျှင် $375 အထိ ကောက်ခံမှာ ဖြစ်ပါတယ်။

ပြည်တွင်း ဈေးကွက်မှာ စားအုန်းဆီဈေးနှုန်း မြင့်တက်နေသဖြင့် ထိန်းသိမ်းဖို့ မူဝါဒ အမျိုးမျိုး ပြောင်းလဲနေတာ ဖြစ်ပါတယ်။


မတ်လ ၁၈ ရက် သောကြာနေ့မှာ စားအုန်းဆီပို့ကုန်ခွန်များ တိုးမြှင့်သတ်မှတ်ထားတဲ့ စည်းကမ်းအသစ်ကို အင်ဒိုနီးရှား အစိုးရက ထုတ်ပြန်ပါတယ်။

ကမ္ဘာပေါ်မှာ စားဆီ အများဆုံးတင်ပို့နေတဲ့ အင်ဒိုနီးရှားက ပြည်ပပို့ကုန်ပမာဏ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီး ပို့ကုန်ခွန်ကို တိုးမြှင့်ကောက်ခံမှာ ဖြစ်ပါတယ်။ ရရှိလာတဲ့ အခွန်ဝင်ငွေဖြင့် အစိုးရက စိုက်ထုတ်ပြီး ပြည်တွင်းစားအုန်းဆီဈေးနှုန်း လျော့ကျအောင်  ဈေးထိန်းပေးမှာ ဖြစ်ပါတယ် ။

စည်းကမ်းသစ်က ထုတ်ပြန်သည့်အချိန်မှာ ချက်ချင်းစတင်သက်ရောက်ပါတယ်။
စားအုန်းဆီကြမ်း CPO (Crude Palm Oil) ရောင်းဈေး တစ်တန်လျှင် $1,050အထက် ဆိုပါက ပို့ကုန်ခွန် တစ်တန်လျှင် $375 စည်းကြပ်ကောက်ခံမှာ ဖြစ်ပါတယ်။


အမေရိကန်ဒေါ်လာအရ -
CPO တစ်တန် ဈေးနှုန်း နှင့် ပို့ကုန်ခွန် 


>750-1,000 ယခင်အတိုင်း မပြောင်းလဲ

>1,000-1,050

175

>1,050-1,100

195

>1,100-1,150

215

>1,150-1,200

235

>1,200-1,250

255

>1,250-1,300

275

>1,300-1,350

295

>1,350-1,400

315

>1,400-1,450

335

>1,450-1,500

355

>1,500

375

(In U.S. dollars per tonne)

ယခင်စည်းကမ်းအဟောင်းမှာ ပို့ကုန်ခွန်က စားအုန်းဆီကြမ်း တစ်တန်အတွက် အများဆုံး $175 ဖြစ်ပြီး ရောင်းဈေးနှုန်း တစ်တန်လျှင်  $1,000နှင့်အထက် ဖြစ်တော့မှ စတင်စည်းကြပ်ပါတယ်။

အင်ဒိုနီးရှား စားအုန်းဆီကြမ်း မတ်လ ရောင်းဈေးနှုန်း တစ်တန် $1,432.24 ဖြစ်ပါတယ်။

 

 

ss

Agriculture & Livestock Read 2016 times