အင်ဒိုနီးရှား  ၂၀၂၃ ကျောက်မီးသွေး တင်ပို့မှု တန်ချိန် သန်း ၅၀၀ ကျော် ရည်မှန်း


11 February, 2023

အင်ဒိုနီးရှား  ၂၀၂၃ ကျောက်မီးသွေး တင်ပို့မှု တန်ချိန် သန်း ၅၀၀ ကျော် ရည်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ကျောက်မီးသွေး  တန်ချိန် သန်း ၅၀၀  အထက်တင်ပို့ရန် ရည်မှန်းထားသည်။

ယခင်နှစ်က  နှစ်အစတွင် တင်ပို့မှု ပိတ်ပင်ထားခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လုပ်ငန်းများ အနှောင့်အယှက်ဖြစ်ခြင်းတို့ ရှိခဲ့သော်လည်း တန်ချိန် ၆၆၃ သန်း ထုတ်လုပ်မှု ရည်မှန်းချက်ထက် ကျော်လွန်ခဲ့ပါသည်။

အင်ဒိုနီးရှားသည် ယခုနှစ်တွင် ကျောက်မီးသွေး တန်ချိန် ၆၉၅ သန်း ထုတ်လုပ်ရန် စီစဉ်နေပြီး  တန်ချိန် ၅၁၈ သန်းတင်ပို့ရန် ရည်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Arifin Tasrif က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကျောက်မီးသွေး ထုတ်လုပ်မှု တန်ချိန် ၆၈၇  သန်း ရှိပြီး တန်ချိန် ၄၉၄ သန်း
 တင်ပို့နိုင်ခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် ရောင်းလိုအား ပြတ်တောက်သဖြင့် ၂၀၂၂ ခုနှစ်တွင် စံချိန်တင်စျေးနှုန်းများ တက်လာပြီးနောက် ယခုနှစ်တွင်လည်း ကျောက်မီးသွေးဈေးနှုန်းများ ဆက်လက်မြင့်မားနေမည်ဟု Arifin မှ မျှော်လင့်ပါသည်။

“ကျောက်မီးသွေး ကမ္ဘာ့ ရောင်းလိုအားနှင့် ဝယ်လိုအား ချိန်ခွင်လျှာ မညီမှု ပြဿနာတွေကြောင့် ၂၀၂၃ ခုနှစ်မှာ ကျောက်မီးသွေးဈေးက ကောင်းနေဦးမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
Source auto economic times 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 247 times