အိန္ဒိယသကြား ထွက်ရှိမှု ပိုမိုကျဆင်းနိုင်


26 February, 2023

အိန္ဒိယသကြား ထွက်ရှိမှု ပိုမိုကျဆင်းနိုင်

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

အိန္ဒိယနိုင်ငံတွင် ကြံအဓိကစိုက်ပျိုးသော ဒေသများမှာ ရာသီဥတုအခြေအနေကြောင့် ကြံများ အပွင့် စောထွက်ပြီး အလေးချိန် ကျဆင်းသွားသဖြင့် ယခင်ခန့်မှန်းထားသည်ထက် ထွက်ရှိမှု လျော့ကျမည် ဖြစ်သည်။

သကြားထွက်ရှိမှု နည်းပါးခြင်းကြောင့် ကမ္ဘာ့ဒုတိယအများဆုံး သကြားတင်ပို့သည့် အိန္ဒိယနိုင်ငံသည် လက်ရှိခွင့်ပြုထားသည့် ပမာဏထက်  ထပ်တိုးပြီး ခွင့်ပြုရန် မဖြစ်နိုင်တော့ချေ။

 သို့ဖြစ်ရာ ဘရာဇီးနှင့် ထိုင်း နိုင်ငံတို့မှ သကြားများ တိုးမြှင့်တင်ပို့ရန် အခွင့်သာမည် ဖြစ်သည်။

အိန္ဒိယသည် စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂/၂၃ စျေးကွက်နှစ်တွင် သကြားတန်ချိန် ၃၄ မှ ၃၄ ဒသမ ၃ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ ယခင်နှစ်က တန်ချိန် ၃၅.၈ သန်း ထုတ်လုပ်ခဲ့သည်ထက် လျှော့ချပြီး ခန့်မှန်းထားခြင်း ဖြစ်သည်။

သို့သော် မဟာရာရှထရာပြည်နယ်နှင့် တတိယအကြီးဆုံး ထုတ်လုပ်သူ ကာနာတာကာ တို့တွင် ကြံအထွက်နှုန်း ကျဆင်းလာခြင်းကြောင့်  ထုတ်လုပ်မှု ခန့်မှန်းချက်များကို ထပ်မံလျှော့ချရမည် ဖြစ်သည်။

ကြံပင်များ အရင့် စောပြီး ပန်းပွင့်ကြသည်။ ပန်းဖြူများ အပွင့်စောကြသည်။ "ကြံစိုက်တာ ၁၀ လပဲ ရှိသေးပေမယ့် ပြီးခဲ့တဲ့လက အပွင့်ပွင့်လာပြီး အလေးချိန်ကျသွားတယ်"ဟု ကြံစိုက်သူ Avinash Thombare က ပြောသည်။

နယိနိမိတ်ထိစပ်နေသည့် မဟာရာရှထရာနှင့် ကာနာတာကာတို့တွင် ကြံမရသဖြင့် သကြားစက် ၁၇ ခု ပိတ်ထားရသည်။ ဖေဖော်ဝါရီလ မကုန်ခင် နောက်ထပ်သကြားစက် ၂ ဒါဇင် ပိတ်ကြရလိမ့်မည်ဟု မျှော်လင့်ထားသည်။

အိန္ဒိယသည် သကြားစက်များကို ယခုကြံရာသီတွင် တန်ချိန် ၆ ဒသမ ၁ သန်းသာ တင်ပို့ခွင့်ပြုထားသည်။ ယခင်ကြံရာသီတွင် တန်ချိန် ၁၁ သန်း တင်ပို့ခဲ့သည်။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Export, Import Read 404 times