အိန္ဒိယ ရုရှားရေနံတင်သွင်းမှု စံချိန်တင် ၃၃ ဆ ခုန်တက်


18 January, 2023

အိန္ဒိယ ရုရှားရေနံတင်သွင်းမှု စံချိန်တင် ၃၃ ဆ ခုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှုသည် ဒီဇင်ဘာလတွင် တစ်ရက်လျှင် စည်ပေါင်း ၁.၂ သန်း (barrels per day -bpd) စံချိန်တင် မြင့်တက်ခဲ့သည်။

ရုရှားရေနံစိမ်း အများဆုံးဈေးနှုန်း ကန့်သတ်ချက်ကို G7 က ပြဋ္ဌာန်းပြီး နောက်ပိုင်း ရုရှားရေနံစိမ်းကို ကန့်သတ်ဈေးနှုန်း တစ်စည် ကန်ဒေါ်လာ ၆၀ ထက် နိမ့်သောဈေးဖြင့် ရောင်းချခဲ့ရာ အိန္ဒိယသည် အများဆုံး ဝယ်ယူသည့်နိုင်ငံ ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံထက် ပိုများခဲ့ပါသည်ဟု စွမ်းအင်ဆန်းစစ်မှုကုမ္ပဏီ Vortexa ၏ အချက်အလက်များကို ကိုးကား၍ Bloomberg က သတင်းဖော်ပြသည်။

ရုရှားမှ အိန္ဒိယ၏ ရေနံစိမ်း တင်သွင်းမှုသည် ၂၀၂၂ ဒီဇင်ဘာတွင် ၂၀၂၁ ဒီဇင်ဘာထက် ၃၃ ဆ များခဲ့ပါသည်။ 
ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်ပြီးနောက်  အိန္ဒိယသည် ရုရှားရေနံကို ထိပ်တန်းဝယ်သူအဖြစ် ပေါ်ထွက်လာခဲ့သည်။
၂၀၂၂ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို မကျူးကျော်မီက အိန္ဒိယသည် ရုရှားရေနံစိမ်းကို အနည်းအကျဉ်းမျှသာ ဝယ်ယူသူဖြစ်ခဲ့သည်။

 

 


အနောက်တိုင်းဝယ်လက်များက ရုရှားထံမှ ရေနံစိမ်းကို လက်ရှောင်လာကြပြီးနောက် အိန္ဒိယသည် တရုတ်နှင့်အတူ ရုရှားရေနံတင်ပို့မှုအတွက် ထိပ်တန်းနိုင်ငံ ဖြစ်လာခဲ့သည်။

ရုရှားသည် နိုဝင်ဘာလတွင် အီရတ်ကို ကျော်တက်ပြီး အိန္ဒိယသို့ ရေနံအများဆုံး တင်ပို့သူ ဖြစ်လာသည်။

ဒီဇင်ဘာလတွင် အိန္ဒိယ၏ အီရတ်ရေနံနှင့် ဆော်ဒီရေနံတင်သွင်းမှု မြင့်တက်လာခဲ့သည်။ သို့သော် ရုရှားနိုင်ငံမှ ရေနံစိမ်း တင်သွင်းမှုကို မမီကြချေ။

Vortexa မှ ထုတ်ပြန်သောအချက်အလက်များအရ အီရတ်ရေနံ တင်သွင်းမှုသည် ၇% မြင့်တက်ခဲ့ပြီး ၈၈၆,၀၀၀  bpd တင်သွင်းခဲ့သည်။ 
ဆော်ဒီရေနံ တင်သွင်းမှုသည် ၁၂% မြင့်တက်ခဲ့ပြီး ၇၄၈,၀၀၀  bpd တင်သွင်းခဲ့သည်။ 

နိုဝင်ဘာလတွင် ရုရှား‌ရေနံသည် အီရတ်ရေနံကို ကျော်တက်ကာ  ရုရှားသည် အိန္ဒိယသို့ ရေနံအများဆုံး ရောင်းချသူ ဖြစ်လာခဲ့သည်။

 ဈေးနှုန်းကန့်သတ်ချက်နှင့် ရေကြောင်းအာမခံ အပါအဝင် ရုရှားရေနံ ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပိတ်ပင်မှုများ ပြဋ္ဌာန်းမည့် ဒီဇင်ဘာ ၅ ရက်မတိုင်မီ နိုဝင်ဘာလတွင် အိန္ဒိယမှ ရေနံချက်စက်ရုံ လုပ်ငန်းရှင်များသည် စိုးရိမ်စိတ်ဖြင့်  ရုရှားရေနံကို သိုလှောင်ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။
ဈေးနှုန်းကန့်သတ်ချက် ပြဋ္ဌာန်းပြီးချိန်တွင် ရုရှားရေနံစိမ်း ဈေးသက်သာနေသဖြင့် အိန္ဒိယမှ ရေနံချက်စက်ရုံ လုပ်ငန်းရှင်များသည် ရုရှားရေနံကို ဆက်လက်ဝယ်ယူခဲ့ကြသည်။ ထို့ပြင် ရုရှား၏ အာတိတ်ရေနံစိမ်း အမျိုးမျိုးတို့ကိုလည်း မဝယ်စဖူး အဝယ်ထူးခဲ့ကြသည်။ ထိုသို့ ဝယ်ယူကြငည်မှာ ဈေးသက်သာနေခြင်းသည် အဓိကအကြောင်းရင်း ဖြစ်သည်။ 
တရုတ်နှင့် အိန္ဒိယတို့သည် ဈေးန‌ှုန်ကန့်သတ်ချက် မဟာမိတ်အဖွဲ့တွင် မပါဝင်ပေ။ သို့သော် ဈေးနှုန်းကန့်သတ်ချက်နှင့်အတူ ဥရောပသည် ရုရှားရေနံကို မဝယ်တော့သဖြင့် ရေနံအများဆုံး တင်သွင်းသည့် နိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယတို့သည် ရုရှားရေနံစိမ်းကို ဈေးဆစ်ဖို့ အထက်စီး အနေအထားကို ရရှိ‌နေကြပါသည်။ 
 Source oilprice 
 

Energy News Read 290 times