တရုတ်ဖုန်းထုတ်လုပ်သူများကို နှိပ်ကွပ်ခြင်းသည် အိန္ဒိယ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပထမခြေလ


29 June, 2023

တရုတ်ဖုန်းထုတ်လုပ်သူများကို နှိပ်ကွပ်ခြင်းသည် အိန္ဒိယ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပထမခြေလှမ်းသာ ဖြစ်သည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

လမ်းဘေးဈေးရောင်းစက် Mi Express Kiosk ဖြင့် Xiaomi က စမတ်ဖုန်းများနှင့် စမတ်ဖုန်း ဆက်စပ်ပစ္စည်းများကို ရောင်းချသည်။  Photo: Xinhua


အိန္ဒိယသည် တရုတ်စမတ်ဖုန်းကုမ္ပဏီများ၏ အရင်းအနှီးနှင့် နည်းပညာများထံမှအကျိုးအမြတ်များ ရယူပြီးသည့်နောက်တွင် အိန္ဒိယအစိုးရသည် တရုတ်စမတ်ဖုန်းကုမ္ပဏီများကို ပစ်မှတ်ထားပြီး နှိပ်ကွပ်နေသည်ကို တွေ့မြင်ကြရသည်။ 
အကယ်စင်စစ် အိန္ဒိယ၏ အမျိုးသားရေး ရှေ့တန်းတင်သည့် စီးပွားရေးမူဝါဒသည် အသစ်အဆန်း မဟုတ်ပေ။
လုပ်ငန်းကဏ္ဍ ရင့်ကျက်သွားသည့်အခါ ၎င်းလုပ်ငန်းကဏ္ဍမှ ပြည်ပကုမ္ပဏီများကို စတင်ရန်ရှာနေကျ ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယအစိုးရသည်  နိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများကို ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။ စမတ်ဖုန်းကဏ္ဍတွင် အထင်ရှားဆုံးဖြစ်သည်။

နောက်ဆုံးပစ်မှတ်မှာ တစ်ချိန်က အိန္ဒိယတွင် ထိပ်တန်း နံပါတ်(၁) စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် Xiaomi ဖြစ်သည်။  ယခုအခါ တရားဝင်စုံစမ်းစစ်ဆေးမှုများကြားတွင် ကုမ္ပဏီ၏ ငွေသားအားလုံးကို အစိုးရက ထိန်းသိမ်းထားသည်။ ယမန်နှစ်ကတည်းက အစိုးရသည် Xiaomi ၏ ငွေများကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး ပမာဏမှာ ၂၀၂၂ ခုနှစ် အသားတင်အမြတ်၏ ထက်ဝက်ကျော်ရှိသည်။ Xiaomi သည် ၎င်းငွေများ ပြန်ရမရ မသေချာမရေရာသော ကံကြမ္မာနှင့် ရင်ဆိုင်နေရသည်။

တရုတ် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်သူ Xiaomi သည် နိုင်ငံခြား အဖွဲ့အစည်းများထံ ရူပီး ၅၅.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၇၇ သန်း) ကို တရားမဝင် လွှဲပြောင်းမှု ပြုခဲ့ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ ရရှိခဲ့သည်။

Xiaomi မှ ၎င်းငွေလွှဲသည့် ပမာဏ၏ ၈၄ ရာခိုင်နှုန်းကျော်သည် အမေရိကန်ရှိ Qualcomm Group သို့ ပေးဆောင်သည့် မူပိုင်ခွင့် ခိုင်ကြေးဖြစ်ကြောင်း ရှင်းပြခဲ့သည်။
သို့သော် အိန္ဒိယအာဏာပိုင်များသည် ယခုအချိန်အထိ အဆိုပါငွေများကို ပြန်ပေးရန် ငြင်းဆိုထားသည်။

ယင်းဖြစ်ရပ်နောက်တွင် ပိုမိုတင်းမာသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဇွန်လ ၁၃ ရက်နေ့ထုတ် အိန္ဒိယသတင်းစာ The Economic Times က Xiaomi၊ Oppo၊ Realme နှင့် Vivo အပါအဝင် နိုင်ငံတွင်းရှိ တရုတ်မိုဘိုင်းလ်ဖုန်းထုတ်လုပ်သူများကို အစိုးရက အမှုဆောင်အရာရှိချုပ်၊ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ်၊ ဘဏ္ဍာရေးမှူးချုပ်၊ နည်းပညာအရာရှိများ အစရှိသည်တို့ကို အိန္ဒိယနိုင်ငံသားများကိုသာ  ခန့်အပ်ရန် တောင်းဆိုထားကြောင်း သတင်း ဖော်ပြသည်။
၎င်းတို့အား အိန္ဒိယ ကန်ထရိုက်ထုတ်လုပ်သူများနှင့် ပြည်တွင်းဖြန့်ဖြူးသူများ ခန့်အပ်ရန်လည်း တောင်းဆိုခဲ့သည်။
၎င်းလုပ်နည်းကိုင်ဟန်သည် နိုင်ငံတကာဥပဒေနှင့် အခြေခံစီးပွားရေးမူများကို လျစ်လျူရှုထားသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံခြားကုမ္ပဏီများအတွက် သင်္ချိုင်းကုန်းတစ်ခုအဖြစ် လူသိများသည်။

တရုတ်ကုမ္ပဏီများအပြင် Amazon၊ Walmart၊ Vodafone၊ Nokia၊ Samsung နှင့် Google ကဲ့သို့သော နိုင်ငံစုံကုမ္ပဏီများသည်လည်း အိန္ဒိယဈေးကွက်တွင် စည်းကမ်းပိုင်းဆိုင်ရာများကြောင့် နောက်ပြန်လန်ကျကြသည်။ ဒဏ်ကြေးများစွာ ချမှတ်ခံခဲ့ရသည်။
 
၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီ ၂,၇၈၃ ခုနှင့် ၎င်းတို့၏ လုပ်ငန်းခွဲများ လည်ပတ်မှု ရပ်ဆိုင်းသွားခဲ့ရသည်။

ပြည်တွင်းစက်မှုလုပ်ငန်းများသည် အဆင့်အတန်း မမီသည့်တိုင် စီးပွားရေးတွင် လွှမ်းမိုးရန် ကြိုးပမ်းနေသော အိန္ဒိယအစိုးရနှင့် ပြည်တွင်းအရင်းရှင်များသည် အမျိုးသားရေး အကျိုးစီးပွား အကာအကွယ်ပေးရေး သဘောထားများကို ပြသ‌နေသည်။

 

Modi အစိုးရသည် ၎င်း၏ "Make in India" လှုပ်ရှားမှုမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းနေပါသည်။
အိန္ဒိယတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံခြားအရင်းအနှီးနှင့် နည်းပညာများကို ဖိတ်ခေါ်ပါသည်။
သို့သော် တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် အိန္ဒိယပြည်တွင်းစျေးကွက်သို့ အပြည့်အဝ ဝင်ရောက်လုပ်ကိုင်ခွင့်ကို မပေးချေ။ ပြဋ္ဌာန်းချက် အမျိုးမျိုးဖြင့် အဟန့်အတား ပြုထားစမြဲ ဖြစ်သည်။

နိုင်ငံခြားအရင်းအနှီး အထောက်အပံ့ဖြင့် လုပ်ငန်းရင့်ကျက်လာသောအခါ အိန္ဒိယလုပ်ငန်းစုများသည် ၎င်းလုပ်ငန်းကို ရုတ်တရက် သိမ်းပိုက်ရန် ကြိုးပမ်းကြသည်။

တရားမျှတသော ပြိုင်ဆိုင်မှုဖြင့် မရနိုင်လျှင်  အစိုးရကို စည်းကမ်းအသစ်များ ပြဋ္ဌာန်းခိုင်းပြီး ကစားပွဲကို အနိုင်ယူမည် ဖြစ်သည်။

အိန္ဒိယက တရုတ်ဖုန်းထုတ်လုပ်သူများကို နှိပ်ကွပ်ခြင်းသည် ထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။

တရုတ်ဖုန်းထုတ်လုပ်သူများ ဝင်ရောက်လုပ်ကိုင်ရန် အိန္ဒိယစမတ်ဖုန်းဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။  ပြည်တွင်း စမတ်ဖုန်းထုတ်လုပ်သည့်စက်မှုလုပ်ငန်းကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခဲ့သည်။ ၎င်းကဏ္ဍ အရွယ်အစား ကြီးမားလာသည်။ ခေတ်မီလာသည်။
ပထမအနေဖြင့် ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်စေသည်။ နောက်တစ်ဆင့်တွင် အစိတ်အပိုင်းများကို ပြည်တွင်းမှာ ထုတ်လုပ်စေသည်။
 ယခုအခါ အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး မိုဘိုင်းလ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာသည်။ အစိုးရက တရုတ်ဖုန်းထုတ်လုပ်သူတွေအပေါ် စည်းမျဉ်းစည်းကမ်းများဖြင့် နှိပ်ကွပ်သည်။ 

Xiaomi ကဲ့သို့သော တရုတ်စမတ်ဖုန်းထုတ်လုပ်သူများကို အိန္ဒိယအစိုးရ နှိပ်ကွပ်ခြင်းသည် ပထမခြေလှမ်းသာ ဖြစ်သည်။

၎င်းမူဝါဒနှင့် လုပ်နည်းကိုင်ဟန်သည် အခြားစက်မှုလုပ်ငန်းကဏ္ဍများမှာလည်း အလားတူ တိုးချဲ့ဆောင်ရွက်နိုင်ဖွယ်ရှိသည်။

Source SCMP 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 320 times