ရူပီကို ကာကွယ်ဖို့ အိန္ဒိယ ဗဟိုဘဏ် ဒေါ်လာ ၁၀၀ ဘီလီယံ သုံးစွဲရန် အသင့်ရှိနေ


21 July, 2022

ရူပီကို ကာကွယ်ဖို့ အိန္ဒိယ ဗဟိုဘဏ် ဒေါ်လာ ၁၀၀ ဘီလီယံ သုံးစွဲရန် အသင့်ရှိနေ

အိန္ဒိယဗဟိုဘဏ်သည် မကြာသေးမီရက်သတ္တပတ်များအတွင်း ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် စံချိန်တင်နိမ့်ကျခဲ့ပြီးနောက် ရူပီးတန်ဖိုးကျဆင်းမှုကို ကာကွယ်ရန်အတွက် ၎င်း၏ နိုင်ငံခြားသုံးငွေအရန်ငွေ၏ ခြောက်ပုံတစ်ပုံကို ရောင်းချရန် ပြင်ဆင်ထားကြောင်း ဗဟိုဘဏ် အကြောင်းသိ အကြီးတန်းအရာရှိ သတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။
၂၀၂၂ တွင် ရူပီသည် ကန်ဒေါ်လာနှင် ငွေလဲနှုန်းတွင် ၇% ကျော် ကျဆင်းခဲ့သည်။ အင်္ဂါနေ့ (ဇူလိုင် ၁၉) တွင် ၁ ကန်ဒေါ်လာလျှင် ၈၀ ရူပီအထိ ကျဆင်းခဲ့သည်။ ကျရိပ်ဆက်ရှိနေဆဲဖြစ်ပြီး အကယ်၍ အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ဖြစ်သည့်  Reserve Bank of India (RBI) က ဝင်ရောက်လုပ်ကိုင်ပေးခြင်း မရှိခဲ့လျှင် ကျဆင်းမှု ယခုထက် ပိုကြီးမားမည် ဖြစ်သည်။
RBI ၏ အရန်ငွေသည် ယမန်နှစ် စက်တင်ဘာလဆန်းတွင် ကန်ဒေါ်လာ ၆၄၂.၄၅ ဘီလီယံ ရှိခဲ့ပြီး ရူပီကို ထိန်းရင် ကန်ဒေါ်လာများ ထုတ်ရောင်းပေးခဲ့သဖြင့် ယခုအခါ ကန်ဒေါ်လာ ၆၀ ဘီလျံ လျော့နည်းနေပြီဖြစ်သည်။ 
 RBI ၏ ကျန်ရှိသည့် အရန်ငွေ ကန်ဒေါ်လာ ၅၈၀ ဘီလီယံသည် ကမ္ဘာ့ဗဟိုဘဏ်များ၏ အရန်ငွေများတွင် ပဉ္စမအများဆုံး ပမာဏ ဖြစ်သည်။ ကန်ဒေါ်လာ ငွေလဲနှုန်းတွင် ရူပီတန်ဖိုး ကျဆင်းခြင်းတွင် ရုတ်တရက် ထိုးကျသွားခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း RBI က အခိုင်အမာ ယုံကြည်သည်။ 

"သူတို့က ရူပီး မတည်မငြိမ်ဖြစ်တာကို တားဆီးရန်အတွက် အရန်ငွေများကို သုံးစွဲမယ်ဆိုတာ သူတို ပြသခဲ့ပြီးပြီ။ သူတို့မှာ သုံးစွဲရန် ဓနကြေးငွေ ရှိတယ်။ အဲဒါကို အသုံးပြုဖို့ ဝန်မလေးကြောင်းလည်း ပြသခဲ့တယ်" ဟု အဆိုပါ ရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောကြားသည်။ 

"RBI က  ရူပီးကို ကာကွယ်ပေးဖို့ လိုအပ်ပါက ကန်ဒေါ်လာ ၁၀၀ ဘီလျံအထိ သုံးစွဲပေးဖို့တတ်နိုင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ 
ပြည်ပရင်းနှီးမြှုပ်နှံသူများက ရှယ်ယာများ ရောင်းထုတ်ပစ်ကြသည်မှာ ၂၀၂၂ တွင် ယခုအချိန်အထိ ကန်ဒေါ်လာ ၃၀ ဘီလျံနီးပါး ရှိလာပြီ ဖြစ်သည်။ ဇန်နဝါရီလမှ စ၍ လစဉ် ကုန်သွယ်ရေးလိုငွေပြသည့် ပမာဏမှာ ပျမ်းမျှ ကန်ဒေါ်လာ ၂၅ ဘီလီယံ ရှိသည်။ ထို့အတွက် လိုအပ်သော ကန်ဒေါ်လာများ ဝယ်ယူကြခြင်းကို RBI က ဝင်ရောက်ပါဝင်ပြီး ရောင်းချပေးမည်ဆိုပါက ကန်ဒေါ်လာ ၁၀၀ ဘီလီယံသည် ၄ လသာသာမျှသာ ခံမည် ဖြစ်သည်။

RBI က ရူပီကို ကာကွယ်ပေးဖို့ ကြိုးစားခြင်း မဟုတ်၊ ရေချိန်တစ်ခုမှာ ထိန်းထားနိုင်ဖို့ ကြိုးစားခြင်းလည်း မဟုတ်၊ ရူပီတန်ဖိုး ထိန်းမနိုင်သိမ်းမရ ကျဆင်းမှာကိုသာ ထိန်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Banking & Loan Read 8757 times