အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်သဖြင့် ရူပီ ငွေလဲနှုန်း တန်ဖိုးဆက်လက်ကျဆင်း


05 November, 2022

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် အတိုးနှုန်း မြှင့်တင်သဖြင့် ရူပီ ငွေလဲနှုန်း တန်ဖိုးဆက်လက်ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် နောက်ထပ် အတိုးနှုန်း တိုးမြှင့်လိုက်ပြီးနောက် အိန္ဒိယရူပီး အားပျော့သွားမည့် အလားအလာ ရှိပါသည်။
US Federal Reserve က အတိုးနှုန်း ပြင်းပြင်းထန်ထန် တိုးမြှင့်တဲ့အတွက် အိန္ဒိယ ဗဟိုဘဏ် Reserve Bank of India (RBI) အတိုးနှုန်းနှင့် ကွာဟချက် ကြီးမားလာသည့်အလျောက် ရူပီ၏ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးကျဆင်းစေပြီး အိန္ဒိယ ရူပီ စံချိန်တင် တန်ဖိုးနိမ့်ကျနေသည်။
ရူပီးအားနည်းခြင်းသည် အိန္ဒိယနိုင်ငံ၏ မြင့်မားသော ငွေကြေးဖောင်းပွမှုအဆင့်ကို ပိုမိုဆိုးရွားစေသည့် အချက်တစ်ချက်ဖြစ်ပါသည်။
အိန္ဒိယငွေကြေးသည် မကြာမီ ပြန်ကောင်းလာဖို့ အလားအလာ မရှိဘဲ  ပိုမိုအားနည်းလာနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။
အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် US Federal Reserve သည် အတိုးနှုန်းကို ထပ်ခါတလဲလဲ တိုးမြှင့်ပေးခြင်းဖြင့်  ငွေကြေးဖောင်းပွမှုကို  တန်ပြန်တိုက်ခိုက်နေပြီး အတိုးနှုန်း မြှင့်လိုက်တိုင်း ‌ကန်ဒေါ်လာက ပိုမာလာသည်ဖြစ်ရာ ရူပီသည် အလိုလို အားအပျော့သွားရသည်။
 အမေရိကန်ဗဟိုဘဏ်သည် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၂ ) တွင် ချေးငွေ အတိုးနှုန်းကို ၀.၇၅ ရာခိုင်နှုန်း မြှင့်တင်ခဲ့သည်။ ယခုနှစ်တွင် ဆဋ္ဌမမြောက် တိုးမြှင့်ခြင်းဖြစ်သည်။
 အိန္ဒိယရူပီးသည် တစ်ဒေါ်လာလျှင် ၈၂.၈ ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
 အိန္ဒိယငွေကြေးသည် မကြာမီအချိန်အတွင်း ပြန်လည်ကောင်းမွန်လာဖွယ်မရှိကြောင်းနှင့် ပြီးခဲ့သည့်လက ရိုက်ခတ်ခဲ့သော အမေရိကန်တစ်ဒေါ်လာလျှင် ၈၃ ရူပီး စံချိန်သစ်တင် အနိမ့်ဆုံးထက် ကျော်လွန်သွားနိုင်ကြောင်း လေ့လာသူများက ယူဆကြသည်။
Source CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 271 times