ဗုဒ္ဓဂယာဘုရားဖူးများ အပါအဝင် အိန္ဒိယနိုင်ငံသို့ လာရောက်သူများအတွက် အသိပေးကြေညာချက်


05 April, 2023

ဗုဒ္ဓဂယာဘုရားဖူးများ အပါအဝင် အိန္ဒိယနိုင်ငံသို့ လာရောက်သူများအတွက် အသိပေးကြေညာချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးမှ အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်လာရောက်ကြသည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့်လာရောက်ကြသူများအတွက်အသိပေးကြေညာချက်


​အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးလာရောက်ကြသူများ၊ ဆေးကုသရန်လာရောက်ကြသူများ နှင့် အကြောင်းအမျိုးမျိုးဖြင့် လာရောက်သူများအနေဖြင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်သည့်အခါ လေဆိပ်တွင် မိမိယူဆောင်လာခဲ့သည့် အမေရိကန် ဒေါ်လာငွေ ပမာဏအား တရားဝင်ကြေညာခြင်း (Declaration) ပြုလုပ်ပြီးမှကိုင်ဆောင်ကြပါရန် အလေးအနက် အသိပေးနှိုးဆော်အပ်ပါသည်။


အိန္ဒိယအစိုးရ၏ Ministry of Finance, Department of Revenue, Central Board of Indirect Taxes and Customs မှ Guide for Travellers တွင်ဖော်ပြထားချက်အရ အိန္ဒိယနိုင်ငံ၏ ဥပဒေအရ ခရီးသည်များအနေြဖင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ရာတွင် တားမြစ်ပစ္စည်းများ၊ အကောက်ခွန်ပစ္စည်းများနှင့် သတ်မှတ်အခွန်ကင်းလွတ်ခွင့်ထက် ကျော်လွန်သည့်ပစ္စည်းများပါရှိ သည့် ခရီးသည်များအနေဖြင့် Custom Declaration Form အား မဖြစ်မနေဖြည့်သွင်း၍ လေဆိပ်ရှိ Custom Office တွင် တရားဝင်ကြေညာခြင်း (Declaration) မဖြစ်မနေ ပြုလုပ်ရန်လိုအပ်မည် ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၅၀၀၀/- သို့မဟုတ် အမေရိကန်ဒေါ်လာ ၅၀၀၀/- နှင့်ညီမျှသော နိုင်ငံခြားငွေ အထက်ပိုမိုပါက Declaration ပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။


​ယခုအခါ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ကြသည့် မြန်မာနိုင်ငံသားများ ဂယာလေဆိပ်မှ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွါရာတွင် ဂယာလေဆိပ်ရှိ Immigration authorities များမှစစ်ဆေးမှု များပြုလုပ်ရာမှ ဘုရားဖူးများ ယူဆောင်လာသည့် အမေရိကန်ဒေါ်လာများအား အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ချိန်တွင် တရားဝင်ကြေညာခဲ့ခြင်းမရှိပါသဖြင့် အမေရိကန်ဒေါ်လာ လက်ဝယ်တွေ့ရှိသူ များအား စစ်ဆေးခြင်း၊ နိုင်ငံခြားငွေများ သိမ်းဆည်းခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်စဉ်များ ဖြစ်ပွါးလျက် ရှိပါသည်။


သို့ဖြစ်ပါ၍ အထူးသဖြင့် မြန်မာနိုင်ငံသားဘုရားဖူး ခရီးသွားများနှင့် ဆေးကုသရန် လာရောက်ကြသူများ အနေဖြင့် အိန္ဒိယနိုင်ငံ၊ လေဆိပ်သို့ ဝင်ရောက်ချိန်တွင် မိမိယူဆောင်လာခဲ့သည့် ငွေကြေးအား တရားဝင်ကြေညာချက် (Declaration) ပြုလုပ်ပြီးမှသာ ကိုင်ဆောင်သုံးစွဲကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။


မြန်မာသံရုံး၊ နယူးဒေလီမြို့
ရက်စွဲ၊ ၂၀၂၃ခုနှစ်၊ ဧပြီလ  ၃  ရက်


အသေးစိတ်အချက်အလက်များကို အောက်ပါလင့်တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ 
https://www.nriguides.com/indian-customs-duty-free-allowance/

 

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Laws and Regulations Read 353 times