အိန္ဒိယနိုင်ငံ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်လာနိုင်


08 September, 2022

အိန္ဒိယနိုင်ငံ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်လာနိုင်

အိန္ဒိယသည် ဂျာမနီ၊ ဂျပန်၊ ယူကေတို့ကို ကျော်တက်သွားနိုင်ပြီး  ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်လာနိုင်ပါသည်။

အိန္ဒိယသည် လက်ရှိတိုးတက်မှုနှုန်းအရ ၂၀၂၇ တွင် ဂျာမနီကို ကျော်သွားနိုင်ပြီး ၂၀၂၉ တွင် ဂျပန်နိုင်ငံထက် သာသွားနိုင်သည့်  ဖြစ်နိုင်ချေ ရှိ‌နေပါသည်၊


အိန္ဒိယသည် ၂၀၁၄ ခုနှစ်မှစတင်၍ ယူထားသော လမ်းကြောင်းကိုကြည့်လျှင် အိန္ဒိယသည် ၂၀၂၉ ခုနှစ်တွင် တတိယမြောက် အကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်လာဖွယ်ရှိသည်။
အိန္ဒိယသည် လက်ရှိဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၁၃ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အစီရင်ခံခဲ့သည်။

ဤနှုန်းအရ အိန္ဒိယနိုင်ငံသည် လက်ရှိဘဏ္ဍာရေးနှစ်တွင် အလျင်မြန်ဆုံး ကြီးထွားလာမည့် စီးပွားရေး ဖြစ်နေသည်။
၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ ဂျီဒီပီ ကြီးထွားနှုန်း  ၆.၇~၇.၇% ရရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
ပုံမှန်သစ် အခြေအနေတွင် ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းသည်  ၆~၆.၅% ရှိနေသည်။
 အိန္ဒိယသည် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး အဆင့်အနေဖြင့် ၂၀၁၄ တွင် အဆင့် (၁၀) တွင် ရှိသည်။ ၂၀၂၉ တွင် တတိယအဆင့်သို့ ရောက်မည်ဖြစ်ရာ အဆင့် ၇ ဆင့် မြင့်တက်မည်။

တရုတ်နိုင်ငံ စီးပွားရေး နှေးကွေးနေတာကြောင့် အိန္ဒိယက အကျိုးကျေးဇူးများ ရရှိနေသည်။
 
လေ့လာသုံးသပ်သူများ၏အဆိုအရ အိန္ဒိယနိုင်ငံသည် ၂၀၁၄ ခုနှစ်မှစ၍ ကြီးမားသောဖွဲ့တည်ပုံဆိုင်ရာပြောင်းလဲမှုကို လုပ်ဆောင်ခဲ့သည်။ ယခုအခါ အိန္ဒိယသည် ကမ္ဘာ့ အကြီးမားဆုံး စီးပွားရေး အဆင့်တွင် ပဉ္စမအဆင့်သို့ ရောက်ရှိနေသည်။
SBI Research ဆန်းစစ်ချက်များအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက ပဉ္စမအဆင့်သို့ ရောက်ရှိနေသည်။

 တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်အသစ်များနှင့် ပတ်သက်၍ နှေးကွေးနေသဖြင့် လာမည့်နှစ်များတွင် အိန္ဒိယသည် ရင်းနှီးမြှုပ်နှံမှု အသစ်များ ရရှိသည့် အကျိုး‌‌ေကျးဇူးများ ရရှိမည်ဟု မျှော်လင့်ကြောင်း SBI Research ၏
သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

Apple က နောက်ဆုံးထုတ် iPhone 14 များကို အိန္ဒိယတွင် တပ်ဆင်ထုတ်လုပ်မည် ဖြစ်သည်။
ထိုသို့ Apple အရွှေ့အပြောင်းကြောင့် အခြား လုပ်ငန်းစုကြီးများလည်း နမူနာယူပြီး အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး ကုန်ထုတ်လုပ်မှုများ အလားတူ လုပ်ဆောင်လာကြလိမ့်မည်ဟု ၎င်းစာတမ်းတွင် မျှော်မှန်းထားသည်။
Source finicialexpress
#MyanmarIndustriesGuide 
 Telegram Channel  https://t.me/Guid4U

Investment/Divestment Read 7686 times