စားအုန်းဆီ တင်ပို့မှုအပေါ် အင်ဒိုနီးရှား ကန့်သတ်ထိန်းချုပ်မှုကို အိန္ဒိယ မထိခိုက်


19 February, 2023

စားအုန်းဆီ တင်ပို့မှုအပေါ် အင်ဒိုနီးရှား ကန့်သတ်ထိန်းချုပ်မှုကို အိန္ဒိယ မထိခိုက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှုကို ကန့်သတ်ရန် အစီအစဉ်များကြောင့်  စားသုံးမှု အများဆုံးဈေးကွက်ဖြစ်သည့် အိန္ဒိယတွင် ဆီပြတ်လပ်သွားဖွယ်မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
လွန်ခဲ့သည့် သုံးလအတွင်း အမြောက်အမြား တင်သွင်းမှုခဲ့ပြီးနောက် လက်ကျန်ပမာဏ စံချိန်တင် မြင့်တက်လာခဲ့သည်။ သို့ဖြစ်ရာ စားသုံးဆီ ပြတ်လပ်မှု ရှိမည် မဟုတ်ချေ။

ယမန်နှစ်နှင့် ကွာခြားသည်မှာ ယမန်နှစ်က အင်ဒိုနီးရှား အစိုးရ၏ စားအုန်းဆီ  ပို့ကုန်မူဝါဒ ရုတ်တရက် အပြောင်းအလဲကြောင့် စားအုန်းဆီ တင်ပို့မှုများ တားမြစ်ပိတ်ပင်ထားချိန်တွင် အိန္ဒိယသည် စားအုန်းဆီကို စံချိန်တင်ဈေးအမြင့်ဖြင့် ရောင်းချနေသော မလေးရှားမှ စားအုန်းဆီ တင်သွင်းခဲ့ရသည်။

လာမည့် အစ္စလာမ်ပွဲတော် ရမ်ဇာန်မတိုင်ခင် ဟင်းချက်ဆီဈေးနှုန်းများ အင်ဒိုနီးရှား ပြည်တွင်းဈေးကွက်တွင်  မြင့်တက်နေသဖြင့် စားအုန်းဆီ တင်ပို့ခွင့် ပါမစ် တချို့ကို  ဆိုင်းငံ့ထားမည်ဟု အင်ဒိုနီးရှားက ပြောကြားခဲ့သည်။

အိန္ဒိယ၏ နိုဝင်ဘာလ ၁ ရက်တွင် စတင်သော ၂၀၂၂/၂၃ စျေးကွက်နှစ် ပထမသုံးလပတ်တွင် စားသုံးဆီ တန်ချိန် ၄.၅ သန်း  တင်သွင်းခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၂၅% ပိုများသည်။ ထိုသို့ တင်သွင်းထားသဖြင့် ဖေဖော်ဝါရီလ ၁ ရက်တွင် စားသုံးဆီလက်ကျန် တန်ချိန် ၃.၆ သန်း ရှိ‌ေနသည်။ ယမန်နှစ်က တန်ချိန် ၁.၈၃ သန်းမျှသာ လက်ကျန် ကျန်ရှိခဲ့သည်။

"အင်ဒိုနီးရှား ကန့်သတ်ချက်များကြောင့် အိန္ဒိယတွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ဖွယ် မရှိပါဘူး။ လက်ကျန် များနေတော့ အဆင်ပြေမှာပါ"  ဟု Solvent Extractors' Association of India ၏ ဥက္ကဋ္ဌ Ajay Jhunjhunwala က Reuters သို့ ပြောကြားခဲ့သည်။


အင်ဒိုနီးရှား၏ စားအုန်းဆီ ပို့ကုန်ကန့်သတ်ချက်များသည် ရမ်ဇာန်ဥပုသ်လ ကုန်ဆုံးမည့် ဧပြီလ ၂၁ ရက်နေ့  နောက်ပိုင်းတွင် ပြန်ရုပ်သိမ်းဖွယ်ရှိသည်။

ယမန်နှစ်က ရုရှား ယူကရိန်း ကျူးကျော်စစ်ကြောင့် ကမ္ဘာ့ဈေးကွက်ထဲ နေကြာဆီ ပြတ်လပ်ခဲ့သည်။ ယခုနှစ်တွင် နေကြာဆီ အမြောက်အမြား ကမ္ဘာ့ဈေးကွက်ထဲ စီးဝင်နေသည်။

အိန္ဒိယ၏ ဇန်နဝါရီလ နေကြာဆီ တင်သွင်းမှုသည် စံချိန်တင် တန်ချိန် ၄၇၃,၀၀၀ အထိ မြင့်တက်ခဲ့သည်။ လစဉ်ပျမ်းမျှ တင်သွင်းသည့် ပမာဏထက် ၂ ဆနီးပါး တင်သွင်းခဲ့ခြင်း ဖြစ်သည်။
လက်ကျန် သိုလှောင်ထားရခြင်းကို 
လျှော့ချရန်  နေကြာဆီ တင်ပို့သည့် ထိပ်တန်း ၂ နိုင်ငံ ဖြစ်သည့်  ရုရှားနှင့် ယူကရိန်းတို့ထံမှ တင်ပို့မှု များပြားနေသည်။ 


အိန္ဒိယမှ  စားအုန်းဆီ ဝယ်ယူသူများသည် ကမ္ဘာ့စားအုန်းဆီ ဒုတိယအများဆုံး တင်ပို့သည့် မလေးရှားနိုင်ငံမှ ဝယ်ယူကြသော်လည်း ယမန်နှစ်ကလောက် မများချေ။
 ဇန်နဝါရီလကုန်တွင် မလေးရှားနိုင်ငံ စားအုန်းဆီ လက်ကျန် တန်ချိန် ၂.၂၇ သန်း ရှိသည်။
 Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Read 459 times