အိန္ဒိယနှင့် ရုရှား ကုန်သွယ်မှု ရူပီးငွေဖြင့်  ‌ပေးချေရန် ဆွေးနွေးညှိနှိုင်းမှုများ ဆိုင်းငံ့


05 May, 2023

အိန္ဒိယနှင့် ရုရှား ကုန်သွယ်မှု ရူပီးငွေဖြင့်  ‌ပေးချေရန် ဆွေးနွေးညှိနှိုင်းမှုများ ဆိုင်းငံ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


လအတော်ကြာ ဆွေးနွေးညှိနှိုင်းမှုများတွင်  ရုရှားနိုင်ငံကို  ရူပီးငွေစာရင်း ထားရှိရန် ရုရှားကို မစည်းရုံးနိုင်ခဲ့ခြင်းကြောင့် အိန္ဒိယနှင့် ရုရှားတို့သည် နှစ်နိုင်ငံကုန်သွယ်မှုကို ရူပီးငွေဖြင့် ပေးချေရန်ကိစ္စ ဆွေးနွေးညှိနှိုင်းမှုများကို ဆိုင်းငံ့ထားလိုက်ကြသည်။

ရုရှားနိုင်ငံမှ စျေးပေါသော ရေနံနှင့် ကျောက်မီးသွေး တင်သွင်းသည့် အိန္ဒိယမှ သွင်းကုန်လုပ်ငန်းရှင်များအတွက် အမြဲတစေ ရူပီးဖြင့် ငွေပေးချေသည့် လုပ်ထုံးလုပ်နည်းများ  ပေါ်ပေါက်လာဖို့ မျှော်လင့်ချက်များ မှေးမှိန်သွားစေသည်။ အကယ်၍သာ ရုရှားမှ အိန္ဒိယသို့ တင်သွင်းသည့် သွင်းကုန်များအတွက် ‌ငွေပေးချေရာတွင် ရူပီးဖြင့် တိုက်ရိုက်ပေးချေနိုင်မည်ဆိုပါက ငွေလဲနှုန်းအတွက် ကုန်ကျစရိတ်များ သက်သာမည် ဖြစ်သည်။ 

 

ရုရှား-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ကွာဟချက် ကြီးမားနေသည်။ ရုရှားထံမှ အိန္ဒိယ တင်သွင်းသည့် တန်ဖိုးပမာဏသည် အိန္ဒိယမှ ရုရှားသို့ တင်ပို့သည့် တန်ဖိုးပမာဏက ပအဆမတန် ပိုများနေသည်။ သို့ဖြစ်ရာ ရူပီးဖြင့် ပေးချေသည့်အခါ ရုရှားလက်ထဲ ရူပီးများ တစ်စထက်တစ်စ ပိုများလာနေမည် ဖြစ်သည်။ သို့ဖြစ်ရာ ရုရှားလက်ထဲ ကန်ဒေါ်လာ ၄၀ ဘီလီယံနှင့် ညီမျှသော ရူပီးများ စုပုံနေတော့မည် ဖြစ်သည်။ ထို့ကြောင့် ရုရှားက နှစ်နိုင်ငံကုန်သွယ်ရေးတွင် ရူပီးကို လက်ခံဖို့ ဆန္ဒမရှိချေ။ 

Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Export, Import Read 267 times