အိန္ဒိယအစိုးရ အရန်ကြက်သွန် ဝယ်ယူစုဆောင်းမှု ပြီးစီးလုနီး


07 September, 2021

အိန္ဒိယအစိုးရက ကြက်သွန်နီဈေးနှုန်း ရုတ်တရက် ထိုးတက်တာခဲ့ရင် ဈေးကွက်ထဲ ကြက်သွန်နီတွေ ထုတ်ရောင်းပြီး ဈေးထိန်းပေးနိုင်ဖို့အတွက် အရန်ကြက်သွန်နီ စုဆောင်းတာ ပြီးစီးလုပြီ ဖြစ်ပါတယ်။ 

မီးဖိုချောင် အဓိက စားသောက်ကုန်တွေရဲ့ လက်လီဈေးနဲ့ လက်ကားဈေး ထိုးတက်တာက ထွက်နှုန်းနည်းတဲ့ စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကာလအတွင်းမှာ ဖြစ်ပွားလေ့ ရှိပါတယ်။ အဲဒီလို အချိန်ကာလမှာ ဈေးကစားပြီး ဈေးတက်တာကို ထိန်းဖို့ ကြက်သွန်နီတွေ ဝယ်လှောင်ပေးထားတာ ဖြစ်ပါတယ်။ ကြက်သွန်နီပေါ်ချိန်မှာ အစိုးရက ဝယ်ပေးတဲ့အတွက် ဝယ်လိုအား ရှိနေပြီး ဈေးထိုးကျတာကို ကာကွယ်ပေးပါတယ်။ ဈေးထိုးကျလို့ လယ်သမားတွေ နစ်နာကြရတာကိုလည်း ဈေးထိန်းပေးတာ ဖြစ်ပါတယ်။ 
ယခုနှစ် အစောပိုင်းမှာ ဝန်ကြီးချုပ် မိုဒီအစိုးရက မီးဖိုချောင်သုံး ကုန်စည်တွေကို အရန်လှောင်ပေးထားတာကို မက်ထရစ်တန်ချိန်နှစ်သိန်း အရန်သင့် သိုလှောင်ထားတဲ့ စနစ် ကျင့်သုံးတာ အခုဆိုရင် နှစ်နှစ် ရှိသွားပြီ ဖြစ်ပါတယ်။ 
ဇူလိုင်လ ၃၁ ရက် စာရင်းများအရ National Agricultural Cooperative Marketing Federation of India (NAFED) အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနတွေက ကြက်သွန်နီ ဝယ်ယူပြီးစီးမှု ၁. ၈ မက်ထရစ်တန် ရရှိပြီး ဖြစ်ပါတယ်။ လှောင်ထားဖို့ ရည်မှန်းထားတဲ့ စုစုပေါင်း ပမာဏရဲ့ ၉၀ % ကို ဝယ်ယူပြီးစီးခဲ့တာ ဖြစ်ပါတယ်။ 

Source: ThePrint
 

Export, Import Read 437 times