ရုရှားရေနံစိမ်း ယွမ်ဖြင့် အိန္ဒိယ စတင်ပေးချေ


03 July, 2023

ရုရှားရေနံစိမ်း ယွမ်ဖြင့် အိန္ဒိယ စတင်ပေးချေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အိန္ဒိယမှ ရေနံချက်စက်ရုံ  လုပ်ငန်းရှင်များသည် ရုရှားနိုင်ငံမှ ရေနံစိမ်း တင်သွင်းမှု အချို့အတွက် တရုတ်ယွမ်ငွေဖြင့် စတင်ပေးချေနေပြီဖြစ်သည်။
.
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနှင့် ရုရှားရေနံစိမ်း ဝယ်လက်များသည် ငွေပေးချေမှုများ ပိတ်ဆို့ထားသည်ကို ဖြေရှင်းကျော်လွားရန်အတွက် ဒေါ်လာအစား အခြား‌ေငွ‌ကြေးကို သုံးစွဲလာကြသည်။
.
ရုရှားကို အနောက်နိုင်ငံများ၏ ပိတ်ဆို့ထားစဉ် အိန္ဒိယသည် ရုရှားရေနံစိမ်းကို အများဆုံး တင်သွင်းသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
.
အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ရေနံ အရောင်းအဝယ်တွင် အဓိက ငွေကြေးဖြစ်သည်။ အမေရိကန် ဒေါ်လာဖြင့်သာ ရောင်းကြဝယ်ကြသော်လည်း ရုရှားရေနံစိမ်းကို ကန်ဒေါ်လာဖြင့် ပေးချေရန်မှာ အခက်အခဲများ ရှိနေသည်။
ရုရှားသည် ကန်ဒေါ်လာနှင့် ယူရို ငွေကြေးကွန်ရက်များ သုံးစွဲခွင့် မရသဖြင့် ကန်ဒေါ်လာနေရာတွင် တရုတ်ယွမ်ကို သုံးစွဲလာရသဖြင့် ရုရှား ငွေကြေးစနစ်တွင် ယွမ်၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာသည်။
.
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံနှင့် ဓာတ်ငွေ့ တင်သွင်းမှု အများစုအတွက် ငွေပေးချေရာတွင် ယွမ်သို့ ကူးပြောင်းသည်။
တရုတ်တင်သွင်းသည့် ရေနံတွင် ဆော်ဒီအာရေဗျရေနံသည် အများဆုံး ဖြစ်ခဲ့သည်။ ယခုအခါ ရုရှားရေနံသည် အများဆုံး ဖြစ်သည်။ ယခုနှစ် ပထမ၃ လပတ်တွင် ဆော်ဒီရေနံထက် ရုရှားရေနံကို ပိုမိုတင်သွင်းခဲ့သည်။
.
အိန္ဒိယနိုင်ငံတွင် Indian Oil Corp သည် ရုရှားရေနံစိမ်း အများဆုံးဝယ်ယူသူ ဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်း Indian Oil Corp သည် ဇွန်လတွင် ရုရှားရေနံစိမ်းကို ပထမဆုံးအကြိမ်အဖြစ် ယွမ်ဖြင့် ပေးချေခဲ့သည်။ 
၎င်းအပြင် အိန္ဒိယမှ ပုဂ္ဂလိက ရေနံချက်စက်ရုံ လုပ်ငန်း အနည်းဆုံး ၂ ခုသည်လည်း ရုရှားရေနံစိမ်းကို ယွမ်ဖြင့် ပေးချေခဲ့ကြသည်။
 .
ရုရှားအပေါ်  ပိတ်ဆို့မှုများ ချမှတ်ပြီးကတည်းက  အိန္ဒိယရေနံချက်လုပ်သူများသည် ဒူဘိုင်းအခြေစိုက် ကုန်သည်များနှင့် ရုရှားရေနံကုမ္ပဏီများဖြစ်သည့် Rosneft )၊ ရုရှားရေနံ အဓိကလုပ်ငန်းကြီး  Lukoil  ၏ လုပ်ငန်းခွဲ Litasco နှင့် Gazprom Neft တို့မှ ရုရှားရေနံစိမ်းများကို အများစုဝယ်ယူခဲ့ကြသည်။
.
အိန္ဒိယရေနံချက်လုပ်သူများသည် ရုရှားရေနံအတွက် ဒေါ်လာမဟုတ်သော ပေးချေမှုအချို့ကို ယူအေအီးငွေကြေး ဒါဟမ်ဖြင့်လည်း ပြေလည်အောင် ဖြေရှင်းပေးခဲ့သည်။
.
"ပထမဦးစားပေးမှာ ဒေါ်လာဖြင့် ပေးချေရန် ဖြစ်သော်လည်း ရေနံချက်လုပ်သူများက တစ်ခါတရံမှာ အခြားငွေကြေးများဖြစ်တဲ့  ဒါဟမ် နှင့် ယွမ် တို့ဖြင့် ပေးချေပါတယ်။ ရောင်းချတဲ့သူက ယွမ် လိုချင်ရင် ယွမ်၊ ဒါဟမ် လိုချင်ရင် ဒါဟမ် ဖြင့် ပေးချေကြပါတယ်" ဟု အန္ဒိယအစိုးရ သတင်းရင်းမြစ်က ပြောကြားသည်။
.
ရုရှားနိုင်ငံမှ အိန္ဒိယ၏ ရေနံတင်သွင်းမှုသည် မေလတွင် စံချိန်တင် မြင့်တက်ခဲ့သည်။ ရုရှားရေနံစိမ်း တင်သွင်းမှုသည် အိန္ဒိယ၏ စုစုပေါင်းရေနံတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်းအထိ ဖြစ်လာခဲ့သည်။
Source Reuters
 

Banking & Loan Energy News Read 484 times