အိန္ဒိယအစိုးရ  စားအုန်းဆီ၊ ရွှေ၊ ငွေ အခြေခံ တင်သွင်းဈေးနှုန်း မြှင့်တင်


17 December, 2022

အိန္ဒိယအစိုးရ  စားအုန်းဆီ၊ ရွှေ၊ ငွေ အခြေခံ တင်သွင်းဈေးနှုန်း မြှင့်တင်


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်နေ၍ စားအုန်းဆီကြမ်းနှင့် ပဲပုပ်ဆီ၊ ရွှေနှင့် ငွေတို့၏ အခြေခံ တင်သွင်းမှု ဈေးနှုန်းများ မြှင့်တင်သတ်မှတ်ကြောင်း အိန္ဒိယ အစိုးရက ကြာသပတေးနေ့(ဒီဇင်ဘာ ၁၅)နှောင်းပိုင်းတွင်  ကြေညာချက် ထုတ်ပြန်ခဲ့သည်။

.

အစိုးရသည် စားသုံးဆီ၊ ရွှေနှင့် ငွေ အခြေခံ တင်သွင်းသည့် ဈေးနှုန်းများကို နှစ်ပတ်တစ်ကြိမ် ပြန်လည်သုံးသပ်ပါသည်။ 

တင်သွင်းသူ ပေးဆောင်ရမည့် အခွန်ပမာဏကို တွက်ချက်ရန် ၎င်းစျေးနှုန်းများကို အသုံးပြုပါသည်။

 

 

ရွှေနှင့် ငွေမှအပ ကျန်ကုန်စည်များအားလုံးအတွက် ဈေးနှုန်းမှာ တစ်တန်အတွက် အမေရိကန်ဒေါ်လာ ဈေးနှုန်း ဖြစ်ပါသည်။ 

ရွှေအတွက် ဈေးနှုန်းမှာ ၁၀ ဂရမ်အတွက် အမေရိကန်ဒေါ်လာ ဈေးနှုန်း ဖြစ်ပါသည်။

ငွေအတွက် ဈေးနှုန်းမှာ တစ်ကီလိုဂရမ်အတွက် အမေရိကန်ဒေါ်လာဈေးနှုန်း ဖြစ်ပါသည်။

.

အိန္ဒိယသည် ကမ္ဘာပေါ်တွင် စားသုံးဆီနှင့် ငွေကို အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် ရွှေကို ဒုတိယအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ပါသည်။

Source reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Laws and Regulations Read 255 times