ပြည်တွင်းဖူလုံရေးအတွက် ဂျုံတင်ပို့မှု အန္ဒိယ ပိတ်ပင်ဖွယ်ရှိ


18 February, 2023

ပြည်တွင်းဖူလုံရေးအတွက် ဂျုံတင်ပို့မှု အန္ဒိယ ပိတ်ပင်ဖွယ်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ပြည်တွင်းဂျုံဈေးသည် ဇန်နဝါရီတွင် စံချိန်တင်မြင့်မားခဲ့သည်။ နိုင်ငံပိုင် သိုလှောင်ရုံများမှ ဂျုံလက်ကျန် ပမာဏ သည် ခြောက်နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။ အိန္ဒိယအစိုးရ သိုလှောင်ရုံများတွင် ဂျုံများ ပြန်လည်ဖြည့်တင်းမည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဂျုံထုတ်လုပ်သည့် အိန္ဒိယနိုင်ငံသည်  နိုင်ငံတော် အရန်ဂျုံကို ဖြည့်ဆည်းရန်နှင့် ပြည်တွင်းစျေးနှုန်းများကျဆင်းစေရန် ကြိုးပမ်းနေသောကြောင့် ဂျုံတင်ပို့မှု တားမြစ်ချက်ကို သက်တမ်းတိုးရန် စဉ်းစားနေသည်။

လက်ရှိတားမြစ်ချက်ကို ဧပြီလတွင် ပြန်လည်သုံးသပ်ရန် စီစဉ်ထားသည်။ မတ်လကုန် သို့မဟုတ် ဧပြီလအစောပိုင်းတွင် သက်တမ်းတိုးရန် ဆုံးဖြတ်ချက်ချဖွယ်ရှိသည်။ ၂၀၂၄ နှစ်လယ်အထိ ဂျုံတင်ပို့မှု ပိတ်ပင်ထားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဂျုံတင်ပို့မှုသည် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ရုတ်တရက် မြင့်တက်သွားခဲ့ပြီး ပြည်တွင်းဈေးကွက်မှာ ဂျုံဈေးမြင့်တက်သည်။ သို့ဖြစ်ရာ အစိုးရက ဂျုံတင်ပို့မှုကို မေလတွင် ပိတ်ပင်လိုက်သည်။ သို့သော် ပြည်တွင်းဂျုံဈေး မကျခဲ့ပေ။

“အစိုးရရဲ ဂျုံဝယ်ယူမှုဟာ ဒီနှစ်မှာ တိုးလာစေဖို့ ရည်ရွယ်ထားပါတယ်” ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

စားသောက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် အတိုက်အခံ ပါတီများ၏ ဝေဖန်မှု ခံနေရသော အစိုးရအနေဖြင့် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲများတွင် ထောက်ခံမဲများ ရရှိဖို့ ရွေးကောက်ပွဲ မတိုင်မီ  စားသောက်ကုန် ဈေးနှုန်းများ ကျဆင်းစေလိုသည်။

ယမန်နှစ်က နိုင်ငံတော်၏ ဂျုံဝယ်ယူမှုသည် တန်ချိန် ၁၈ ဒသမ ၈ သန်း ရှိခဲ့ပြီး ၅၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ပြင်ပပေါက်ဈေးက အစိုးရပေးသည့်ဈေးထက် မြင့်နေသဖြင့် အစိုးရ ဂျုံဝယ်မရ ဖြစ်ခဲ့သည်။ 

ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာဖူလုံရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အစိုးရမှ လယ်သမားများထံမှ ဆန်နှင့် ဂျုံကို နိုင်ငံတော်မှ သတ်မှတ်ဈေးဖြင့် အမြောက်အမြား နှစ်စဉ်နှစ်တိုင်း ဝယ်ယူသည်။
အစိုးရ သိုလှောင်ရုံများမှာ ဂျုံသိုလှောင်မှုများသည် ဇန်နဝါရီ ၁ ရက်တွင် တန်ချိန် ၁၇ ဒသမ ၂ သန်း ကျန်ရှိသည်။ ခြောက်နှစ်အတွင်း  အနည်းဆုံး ဖြစ်သည်။
၂၀၂၃ တွင် အိန္ဒိယသည် ဂျုံတန်ချိန် ၁၁၂ သန်း စံချိန်တင် ရိတ်သိမ်းနိုင်မည်ဟု မျှော်လင့်ရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ဂျုံဝယ်လိုအားမှာ တန်ချိန် ၁၀၅ သန်းခန့် ရှိသည်။
ယမန်နှစ်က ထုတ်လုပ်မှု တန်ချိန် ၉၅ သန်းခန့်သာ ရှိသည်အထိ ကျဆင်းသွားခဲ့သည်ဟု ကုန်သည်များက ခန့်မှန်းကြပြီး ဂျုံအထွက်နည်းခဲ့သဖြင့်  ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

ပြည်တွင်း ဂျုံဈေးသည် ဇန်နဝါရီလတွင် တစ်တန်လျှင် ရူပီး ၃၂,၅၀၀ (ကန်ဒေါ်လာ ၃၉၃.၅၃) သို့ အမြင့်ဆုံးရောက်ရှိခဲ့သည်။
ယခုနှစ်တွင် အစိုးရက ဝယ်ယူမည့် ဂျုံဈေးနှုန်း တစ်တန်ကို ရူပီး ၂၁,၂၅၀ ထက် မြင့်မား‌ေနပါသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Export, Import Read 370 times