လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မတ်လအထိ ကျောက်မီးသွေး တင်သွင်းရန် အိန္ဒိယ အစိုးရ ညွှန်ကြား


29 October, 2023

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် မတ်လအထိ ကျောက်မီးသွေး တင်သွင်းရန် အိန္ဒိယ အစိုးရ ညွှန်ကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် ကျောက်မီးသွေး လိုအပ်ချက်၏ ၆ ရာခိုင်နှုန်းကို မတ်လအထိ တင်သွင်းရန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကုမ္ပဏီများကို အိန္ဒိယ အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ဓာတ်အား လိုအပ်ချက် မြင့်တက်လာခြင်းနှင့် ပြည်တွင်း ကျောက်မီးသွေး လုံလောက်မှု မရှိခြင်းတို့ကြောင့် ပြည်ပမှ ကျောက်မီးသွေး တင်သွင်းရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဝန်ကြီးဌာနမှ ပြောကြားသည်။


အောက်တိုဘာလ ပထမ လဝက်အတွင်း ကျောက်မီးသွေး သိုလှောင်မှု လက်ကျန်များသည် နှစ်နှစ်အတွင်း အမြန်ဆုံးနှုန်းဖြင့် လျော့ကျသွားခဲ့သည်။ ဓာတ်အားပေးစက်ရုံများရှိ ကျောက်မီးသွေးလက်ကျန် နည်းနေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
သို့ဖြစ်ရာ ပြည်တွင်းထွက် ကျောက်မီးသွေးအပြင် ပြည်ပမှ တင်သွင်းသည့် ကျောက်မီးသွေးကိုပါ ရောနှော သုံးစွဲကြရန်အတွက် ပြည်ပမှ ကျောက်မီးသွေး တင်သွင်းရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။

ဓာတ်အားပေးစက်ရုံများသည် ကျောက်မီးသွေး လက်ကျန်ကို အမြဲမပြတ် စောင့်ကြည့် သုံးသပ်ပြီး အကယ်၍ ပြည်တွင်းထွက် ကျောက်မီးသွေး ဝယ်ယူရရှိမှု ပမာဏ ၆% ကျော် လျော့နည်းနေပါက ပြည်ပမှ တင်သွင်းသည့် ကျောက်မီးသွေးကို ဝယ်ယူသုံးစွဲကြရန် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 218 times