မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်လကျော်အတွင်းကုန်သွယ်မှုပမာဏဒေါ်လာ ၇၇၃ သိန်းရှိ


20 November, 2021

မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်လကျော်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၇၃ သိန်း ရရှိ ပြီး ယခင်နှစ်ကာလတူ၌ ရရှိခဲ့သည့် ကုန် သွယ်မှုပမာဏထက် ထက်ဝက်နီးပါး လျော့ ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ Mini Budget တစ်လကျော်အတွင်း တမူးနယ်စပ်မှ ကုန်သွယ်မှု ဒေါ်လာ ၇၇၃ သိန်းရရှိသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၁ ဒသမ ၅၂၂ သန်းရရှိခဲ့ သည်။ အဆိုပါကာလတူနှစ်ခုနှိုင်းယှဉ်ပါက လက်ရှိကာလ တစ်လကျော်အတွင်း ယခင် နှစ် ကာလတူထက် ဒေါ်လာ ၇၄၉ သိန်း ကျော် လျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ သြဂုတ်အထိ ကိုးလအတွင်း မြန်မာ -အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ် လာ သန်း ၁၂၆၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၇၃၀ နီးပါးအထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ သြဂုတ်အထိ ကိုးလအတွင်း မြန်မာ  -အိန္ဒိယ ကုန်သွယ်မှုတွင် မြန်မာဘက်မှ ပို့ ကုန်တန်ဖိုးဒေါ်လာ ၇၂၉ ဒသမ ၉၇၁ သန်း၊ အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၅၃၅ ဒသမ ၁၇၉ သန်းဖြင့် ကုန်သွယ်မှုပမာ ဏ ဒေါ်လာ ၁၂၆၅ ဒသမ ၁၄၉ သန်းရှိသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ   အထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းခဲ့သည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံ မှ ဒေါ်လာ ၈၈၄ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာ ၂၇၃ သန်းကျော်နှင့်ထိုင်းနိုင်ငံမှ ဒေါ်လာ ၂၆၂ သန်းကျော်ဖြင့် အစဉ်လိုက် ရပ်တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ  အထိ မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထာသည့်နိုင်ငံများတွင် တရုတ်၊ စင် ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေး ရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နိုဝင်ဘာ  အထိ နှစ်လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံ စာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၈၉၃ ဒသမ ၇၄ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်း နိုင်ငံသို့ ဒေါ်လာ ၃၉ရဒသမ ၂၉ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ် တည်နေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

news-eleven.com

Export, Import Read 468 times