အိန္ဒိယတွင် သဘာဝဓာတ်ငွေ့နှင့် ဇီဝဓာတ်ငွေ့ ရောနှောသုံးစွဲမည့် အစီအစဉ် စတင်မည်


26 November, 2023

အိန္ဒိယတွင် သဘာဝဓာတ်ငွေ့နှင့် ဇီဝဓာတ်ငွေ့ ရောနှောသုံးစွဲမည့် အစီအစဉ် စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အိန္ဒိယနိုင်ငံသည်  ဇီဝဓာတ်ငွေ့ ပြည်တွင်းဝယ်လိုအား မြှင့်တင်ရန်နှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုအပေါ် မှီခိုအားထားမှု လျှော့ချရန် သဘာဝဓာတ်ငွေ့နှင့် ဖိသိပ်ထားသော ဇီဝဓာတ်ငွေ့ကို စတင် ရောနှောသွားမည်ဖြစ်ကြောင်း အစိုးရက စနေနေ့ (နိုဝင်ဘာ ၂၅)တွင် ထုတ်ပြန်ခဲ့သည်။

 ၂၀၂၅ ခုနှစ် ဧပြီလမှစတင်၍ မော်တော်ကားနှင့် အိမ်သုံးအတွက် ၁% ကို မဖြစ်မနေ အသုံးပြုခြင်းဖြင့် စတင်မည်ဖြစ်သည်။

 မဖြစ်မနေ ရောနှောရမည့် အချိုးအစားသည် ၂၀၂၈ ခုနှစ်တွင် ၅% ဝန်းကျင်သို့ တိုးလာမည်ဖြစ်သည်။


ရေနံနှင့် သဘာဝဓာတ်ငွေ့ကမ္ဘာ့အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်း ဓာတ်ငွေ့ သုံးစွဲမှု တစ်ဝက်ခန့်ကို ပြည်ပမှ တင်သွင်းရသဖြင့် လျှော့ချပေးလိုသဖြင့် ပြည်တွင်း ထုတ်လုပ်သည့် ဇီဝဓာတ်ငွေ့ကို ထည့်သွင်းသုံးစွဲသွားမည် ဖြစ်သည်။

လေယာဉ်ဆီတွင်လည်း ရေရှည်တည်တံ့လေကြောင်း လောင်စာဆီ sustainable aviation fuel (SAF) ၁% ကို ၂၀၂၇ ခုနှစ်မှစ၍ ထည့်သွင်းသုံးစွဲရန် အိန္ဒိယအစိုးရက ရည်မှန်းထားသည်။ ၂၀၂၈ တွင် ၂% သို့ တိုးမြှင့်မည် ဖြစ်သည်။ SAF ကို နိုင်ငံတကာခရီးစဉ်များ ပျံသန်းသည့် ဂျက်လေယာဉ်များတွင် အသုံးပြုမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 246 times