မြန်မာနှင့် ထိုင်းကို  လျှပ်စစ်ဓာတ်အား ရောင်းဝယ်ဖောက်ကားရန် အိန္ဒိယ ရည်မှန်း


21 July, 2023

မြန်မာနှင့် ထိုင်းကို  လျှပ်စစ်ဓာတ်အား ရောင်းဝယ်ဖောက်ကားရန် အိန္ဒိယ ရည်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အိန္ဒိယတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အဖြစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပိုလျှံလာသည်ကို မြန်မာနှင့် ထိုင်းတို့အား ရောင်းချရန် ရည်မှန်းထားသည်။ 
ချိတ်ဆက်ရန် မဟာဓာတ်အားလိုင်း ထူထောင်ခြင်းသည် အနည်းဆုံး လေးနှစ်ကြာနိုင်သည်။

အိန္ဒိယသည် အရှေ့အလယ်ပိုင်းဒေသမှ အာရပ်စော်ဘွားများ ပြည်ထောင်စုထံ ဓာတ်အားရောင်းချနိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။

အိန္ဒိယတွင် ပြန်လည်ပြည့်ဖြိုးမြဲနှင့် ရေအားတို့ဖြင့် ဓာတ်အား ထုတ်လုပ်မှုသည် ၂၀၃၀ ခုနှစ်တွင် ၅၀၀ ဂစ်ဂါဝပ်အထိ ရှိလာမည်။ လက်ရှိတွင် ၁၇၇  ဂစ်ဂါဝပ် ထုတ်လုပ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို Solar park များဖြင့် ထုတ်လုပ်သွားမည် ဖြစ်သည်။

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ အစိုးရသည်  အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှု ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေပြီး တရုတ်နိုင်ငံ၏ ဒေသတွင်း လွှမ်းမိုးမှု ကြီးထွားလာမှုကို တန်ပြန်တွန်းလှန်ရန် ကြိုးပမ်းလျက်ရှိသည်။

“အိန္ဒိယနိုင်ငံရဲ့ မဟာဓာတ်အားလိုင်းကို မြန်မာနိုင်ငံနဲ့ ချိတ်ဆက်နိုင်ပြီဆိုတာနဲ့ အဲဒီ့ မဟာဓာတ်အားလိုင်းကို ဆန့်ထုတ်ပြီး ထိုင်းကို ဓာတ်အား ပို့ပေးနိုင်မယ်။  အာရှရဲ့ အရှေ့ဘက်ကိုတောင် သွယ်တန်းနိုင်မှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတ်အားလိုင်း သွယ်တန်းခြင်းကို ကုန်းပေါ်နှင့် ပင်လယ်ရေအောက် နှစ်မျိုး စီစဉ်မည် ဖြစ်သည်။

အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်သို့ လျှပ်စစ်ဓာတ်အားအချို့ တင်ပို့ပြီး မြန်မာနိုင်ငံသို့ ပမာဏအနည်းငယ် တင်ပို့သည်။ အစီအစဉ်သစ်အရ အမြောက်အမြား တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။
Source economic times 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 214 times